ထားဝယ် အောက်တိုဘာ ၃၁
၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် (၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဗဟိုအဆင့်တွင် ဆုတံဆိပ်များရရှိခဲ့သော တနင်္သာရီတိုင်းဒေသကြီးမှ အောင်ပွဲရပြိုင်ပွဲဝင်များနှင့် တာဝန်ရှိသူများသည် ယမန်နေ့ ညနေပိုင်းတွင် ထားဝယ်လေဆိပ်သို့ ပြန်လည်ရောက်ရှိကြရာ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဇော်နိုင်ဦး၊ တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများက ဂုဏ်ပြုပန်းကုံးများဖြင့် ဝမ်းမြောက်ဂုဏ်ယူစွာ သောင်းသောင်းဖြဖြ လှိုက်လှဲနွေးထွေးစွာ ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဇော်နိုင်ဦးက
အောင်ပွဲရပြိုင်ပွဲဝင်အသင်းသားများအားလုံး ကျန်းမာကြံ့ခိုင်စွာဖြင့် ဆုတံဆိပ်များ ရရှိခဲ့သည့်အတွက်
တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ကျေးဇူးတင်ရှိပါကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့်
အဆင့် ၇ နေရာရရှိခဲ့ပြီး တိုင်းဒေသကြီး၏ အဆင့်မြင့်တက်လာသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း
ဂုဏ်ပြုစကားပြောကြားသည်။
၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် (၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဗဟိုအဆင့်တွင် တနင်္သာရီတိုင်းဒေသကြီးအနေဖြင့် ရွှေတံဆိပ်(၉)ခု၊ ငွေတံဆိပ်(၆)ခု၊ ကြေးတံဆိပ်(၈)ခုရရှိခဲ့ပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် အဆင့် ၇ နေရာ ရရှိခဲ့ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)
No comments:
Post a Comment