နေပြည်တော် စက်တင်ဘာ ၂၃
Time မဂ္ဂဇင်းအနေဖြင့် မြန်မာအစိုးရက ပြည်ထောင်စုမပြိုကွဲရေးနှင့် အမျိုးသားစည်းလုံးညီညွတ်ရေးကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်သည့် နိုင်ငံတော်၏ သမိုင်းဝင်အခန်းကဏ္ဍ၊ မြန်မာနိုင်ငံတည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်ခဲ့မှုများ၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ၏ အောင်မြင်မှုများကို ယင်းတို့၏ မဂ္ဂဇင်းတွင် “the Future of Myanmar” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြရန် အင်တာဗျူးပြုလုပ်လိုကြောင်း မြန်မာသံရုံး၊ စင်ကာပူမှတစ်ဆင့် မေတ္တာရပ်ခံအဆိုပြုလာခဲ့ကြောင်း၊
Time Magazine သည် ဂုဏ်သိက္ခာရှိသော သတင်းဌာနတစ်ခုဖြစ်သည့်အတွက် အဆိုပြုမေတ္တာရပ်ခံချက်အပေါ် အပြုသဘောဆောင် တုံ့ပြန်သည့်အနေဖြင့် သတင်းထောက် Charlie Campbell အား နိုင်ငံတော်သမ္မတက လက်ခံတွေ့ဆုံခဲ့ပြီး မေးမြန်းသည့်မေးခွန်းများကို လက်ခံဖြေကြားခဲ့ကြောင်း၊ သို့သော် ၎င်းသည် Time Magazine Online Media တွင် ဖော်ပြခဲ့ရာ၌ မူလအင်တာဗျူးဆောင်ရွက်ခဲ့သည့် အမေး၊ အဖြေ အင်တာဗျူးပုံစံမဟုတ်ဘဲ ဆောင်းပါးပုံစံဖြင့် ရေးသားဖော်ပြခဲ့သည့်အပြင်၊ အမှန်တကယ် ဖြေကြားခဲ့မှုများကိုလည်း ထင်ဟပ်ဖော်ပြခဲ့ခြင်းမရှိခဲ့ကြောင်း၊ ထို့ပြင် မလိုလားအပ်သော အပြုသဘောမဆောင်သော ရေးသားချက်များ၊ အခြားပုဂ္ဂိုလ်များနှင့် တွေ့ဆုံမေးမြန်းမှုများနှင့် သုံးသပ်ချက်များကိုလည်း ထည့်သွင်းဖော်ပြခဲ့ကြောင်း၊ Time Magazine နှင့် သတင်းထောက်တို့က မီဒီယာကျင့်ဝတ်(Media Ethics)နှင့် မလျော်ညီစွာ ကနဦးဆွေးနွေးသဘောတူညီချက်တွင် မပါဝင်သည့် အကြောင်းအရာများအား အလေးပေးဖော်ပြ၍ နိုင်ငံတကာမှ မြန်မာအစိုးရနှင့် မြန်မာနိုင်ငံအပေါ် အထင်အမြင်လွဲမှားစေမည့် အသုံးအနှုန်းများကိုသုံးနှုန်းကာ ၎င်းတို့စိတ်ကြိုက် ရေးသားဖော်ပြခဲ့ကြောင်း၊ သို့ဖြစ်ရာ Time Magazine ၏ သတင်းထောက်ဖြစ်သော Charlie Campbell ၏ ရေးသားချက်များသည် မီဒီယာကျင့်ဝတ်သိက္ခာကို စောင့်ထိန်းလိုက်နာခြင်း မရှိသည့်အတွက် ပြစ်တင်ရှုတ်ချကြောင်း သတင်းထုတ်ပြန်ရေးအဖွဲ့မှ သတင်းထုတ်ပြန်ထားကြောင်း သိရသည်။



No comments:
Post a Comment