နေပြည်တော် စက်တင်ဘာ ၂၅
PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများနေဖြင့် နိုင်ငံတော်အတွင်း ပညာတတ်လူငယ်များပေါ်ထွန်းလာမှုကို နှောင့်ယှက်ရန် ရည်ရွယ်၍ ပညာသင်ကြားပေးနေသည့် ဆရာ/ ဆရာမများအား DCS (Disloyalty Civil Servant) ပြုလုပ်ရန်နှင့် ၎င်းတို့အလိုကျ လိုက်ပါဆောင်ရွက်ခြင်းမရှိသော ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ပညာရေးဝန်ထမ်းများကို အကြောင်းမဲ့ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ စာသင်ကျောင်းများအား Drop Bomb ချတိုက်ခိုက်ခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကို နည်းမျိုးစုံဖြင့် လုပ်ဆောင်လျက်ရှိသည်။
ထို့သို့ လုပ်ဆောင်လျက်ရှိရာ
ထားဝယ်မြို့၊ ဆင်ဆိပ်ရပ်ကွက်ရှိ အမှတ် (၇) အခြေခံပညာအထက်တန်းကျောင်းတွင် ပညာသင်ကြားလျက်ရှိသော
Grade (7)မှ ကျောင်းသား (၆) ဦးတို့သည် စက်တင်ဘာလ ၂၂ ရက်နေ့တွင် နံနက်ပိုင်း အတန်းတက်ရောက်ခဲ့ပြီး
နေ့လည်ပိုင်းအတန်းချိန်တွင် ပျက်ကွက်လျက်ရှိကြောင်း သိရှိရသဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်
လုံခြုံရေးတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ စုံစမ်းရှာဖွေခြင်းများ ဆောင်ရွက်ခဲ့ရာ ထားဝယ်မြို့၊
သင်္ကန်းတုန်းကျေးရွာလမ်းဆုံတွင် PDF အမည်ခံ အကြမ်းဖက်သမားများက အကြောင်းမဲ့ဖမ်းဆီးခေါ်ဆောင်သွားကြောင်း
သိရှိရသည်။
အဆိုပါဖမ်းဆီးခြင်းခံရသည့်
ကျောင်းသားများအား ပြန်လည်ကယ်တင်နိုင်ရေးအတွက် လိုအပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်းများ
ဆောင်ရွက်ခဲ့ရာ ကျောင်းသား (၂) ဦးအား စက်တင်ဘာ ၂၄ ရက် နေ့လယ်ပိုင်းတွင် ပြန်လည်ရှာဖွေတွေ့ရှိခဲ့ပြီး
အဆိုပါကျောင်းသားများ၏ ဖြေကြားချက်အရ ၎င်းတို့ (၆) ဦးသည် စက်တင်ဘာ ၂၂ ရက်နေ့တွင်ဆိုင်ကယ်
၃ စီးဖြင့် ထားဝယ်မြို့၊ သင်္ကန်းတုန်းကျေးရွာရှိ ရေတံခွန်သို့ သွားရောက်လည်ပတ်ခဲ့စဉ်တွင်
PDF အမည်ခံ အကြမ်းဖက်အဖွဲ့များက မော်တော်ယာဉ်တစ်စီးဖြင့် အဓ္ဓမဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး
ပကာရီကျေးရွာအုပ်စု၊ ပခပ်ကျေးရွာအနီးရှိ ဥယျာဉ်ခြံအတွင်း၌ ဖမ်းဆီးချုပ်နှောင်ထားခဲ့ကြောင်း၊
ဖမ်းဆီးခံထားရသူများအနက် ၎င်းတို့နှစ်ဦးအား စက်တင်ဘာ ၂၄ ရက်နေ့ နံနက်ပိုင်းတွင် ပကာရီကျေးရွာအဝင်လမ်းတွင်
ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ အထက်ပါဖြစ်စဉ်တွင်
အကြမ်းဖက်သောင်းကျန်းသူများ ဖမ်းဆီးထားသော ကျန်ရှိသည့် ကျောင်းသား ၄ ဦးအား အမြန်ဆုံးပြန်လည်ကယ်တင်နိုင်ရေးအတွက်
လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၂၅ ရက်နေ့ နံနက်ပိုင်းတွင် သဗျာကျေးရွာအနီး
ပြန်လည်ရှာဖွေတွေ့ရှိခဲ့သဖြင့် ၎င်းတို့၏မိသားစုဝင်များထံသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ပြီး
လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
အလားတူ စက်တင်ဘာ
၂၄ ရက် မွန်းလွဲပိုင်းတွင် ထားဝယ်မြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် ပညာသင်ကြားလျက်ရှိသည့်
Grade-12မှ မောင်နှိုင်းအံ့လူအပါအဝင် ကျောင်းသား၊ ကျောင်းသူ (၆) ဦးနှင့် အရပ်သားတစ်ဦးတို့သည်
မောင်းမကန်ကမ်းခြေရှိ စားသောက်ဆိုင်တစ်ဆိုင်၌ နေ့လယ်စာစားနေစဉ် PDF အမည်ခံ အကြမ်းဖက်အဖွဲ့မှ
အင်အား ၁၅ ဦးခန့်သည် အရပ်ဝတ်များဖြင့် ရောက်ရှိလာပြီး မောင်နှိုင်းအံ့လူနှင့် အရပ်သားတစ်ဦးတို့အား
အကြောင်းမဲ့ဖမ်းဆီးပြီး လောင်းလုံးမြို့နယ်၊ ကျောက်ဆင်ကျေးရွာဘက်သို့ အတင်းအဓ္ဓမခေါ်ဆောင်သွားခဲ့ကြောင်း
သိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်းများနှင့်
ရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ယခုကဲ့သို့ စစ်ရေးနှင့်မသက်ဆိုင်သော
ပညာရေးဝန်ထမ်းများနှင့် အေးချမ်းစွာ ပညာသင်ကြားလျက်ရှိသော ကျောင်းသား၊ ကျောင်းသူများကို
အတင်းအဓမ္မဖမ်းဆီးချုပ်နှောင်ခြင်း၊ အကြောင်းမဲ့ဖမ်းဆီးနှိပ်စက်ခြင်းများကို ဆောင်ရွက်ခဲ့သည့်
အကြမ်းဖက်သမားများအား ပြည်သူလူထုအနေဖြင့် လွန်စွာရွံရှာမုန်းတီးလျက်ရှိပြီး ၎င်းတို့၏လူမဆန်သောလုပ်ရပ်များအား
သတင်းရရှိက တာဝန်သိပြည်သူများအနေဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ လျှို့ဝှက်စွာ
အချိန်မီသတင်းပေးပို့နိုင်ပါရန် အသိပေးသတင်းထုတ်ပြန်အပ်ပါသည်။

No comments:
Post a Comment