ဖလမ်း စက်တင်ဘာ ၁၆
ဖလမ်းမြို့ရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ MPT Mobile ဖုန်းလိုင်းများ ပြန်လည်ရရှိပြီဖြစ်သည့်အတွက် စက်တင်ဘာလ (၁၆) ရက် ဒီကနေ့မှစတင်ပြီး နေရပ်ပြန်ပြည်သူများ၏ MPT မိုဘိုင်းဖုန်း Sim cardများ ပြန်လည်အသုံးပြုနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်၊ ချင်းပြည်နယ်အစိုးရအဖွဲ့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဦးဝင်းဇော်ဦးနှင့် ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီဝင်တို့က သွားရောက် ကြည့်ရှုအားပေးသည်။
အကြမ်းဖက်ဖြစ်စဥ်များကြောင့်
ဖလမ်းမြို့တွင် တယ်လီဖုန်းဆက်သွယ်ရေးလိုင်းများ ပြတ်တောက်သွားပြီး MEC-CDMA ဖုန်းလိုင်းကိုသာ
အသုံးပြုနေခြင်းဖြစ်ကာ ယခုအခါ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT Mobile ဖုန်းလိုင်းပြန်လည်ရှိပြီဖြစ်သည့်အတွက် ချင်းပြည်နယ်
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းဝန်ထမ်းများသည် ဖလမ်းမြို့
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် အခြေပြုပြီး MPT Mobile Sim card ကတ်ပျောက်၊ ကတ်ပျက်များ ပြန်လည်လျှောက်ပေးခြင်း၊ sim card များမှတ်ပုံတင်ပေးခြင်းနှင့် Sim card အသစ်များ
ရောင်းချပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိရာ Sim card များလာရောက်လျှောက်ထားသည့်
ဒေသခံပြည်သူများအား ဒုတိယဝန်ကြီးက ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ပြီး အားပေးစကားပြောကြားသည်။
ဆက်လက်ပြီး
ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် တစ်စိတ်တစ်ပိုင်းပျက်စီးသည့် ဌာနဆိုင်ရာအဆောက်အအုံများ ပြုပြင်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုများအား
ကြည့်ရှုစစ်ဆေးသည်။ ရှေးဦးစွာ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ 66/11kv ဓာတ်အားခွဲရုံ
အဆောက်အအုံ ပြန်လည်ပြုပြင်မှုအခြေအနေအားလည်းကောင်း၊ စက်ပစ္စည်းပျောက်ဆုံး၊ ပျက်စီးမှုအခြေအနေများကိုလည်းကောင်း၊
ဓာတ်အားခွဲရုံဝန်ထမ်းအိမ်ရာ ပြန်လည်ပြုပြင်မှု အခြေအနေအားလည်းကောင်း
ကြည့်ရှုစစ်ဆေးသည်။ ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ခရိုင်သစ်တောဦးစီးဌာန
ရုံးအဆောက်အအုံ၊ အရာရှိနေအိမ်နှင့် ဝန်ထမ်းအိမ်ရာပြုပြင်နေမှုအားလည်းကောင်း
မြို့နယ်သစ်တောဦးစီးဌာန ပြုပြင်နေမှုအားလည်းကောင်း၊ အိုးအိမ်ဝန်ထမ်းအိမ်ရာ
ပြန်လည်ပြုပြင်မှုအခြေအနေများအားလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး
မြို့ပြန်လည်ထူထောင်ရေးတွင် အဓိကကျသည့်အခြေခံအဆောက်အအုံများကို ပြုပြင်နေသည့်
ဒေသခံကုမ္ပဏီများအနေဖြင့် စေတနာထားကာ စံချိန်စံညွှန်းနှင့်အညီ၊ ပစ္စည်းအရည်အသွေး၊
တည်ဆောက်မှုအရည်အသွေးကောင်းမွန်စေရေးနှင့် သတ်မှတ်ကာလအတွင်း လုပ်ငန်းပြီးစီးစေရေးတို့အတွက်
သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်ရန် မှာကြားကြောင်း သိရသည်။
ခရိုင် (ပြန်ဆက်)



No comments:
Post a Comment