နေပြည်တော် စက်တင်ဘာ ၂
တောင်ငူမြို့၌ ငွေကျပ် ၁ ဒသမ ၄၃၆၉ ဘီလီယံတန်ဖိုးနှင့် ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၌ ငွေကျပ် သိန်း ၁၅၂၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီးရမိတရားခံများကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူ ထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ ဩဂုတ် ၃၀ ရက် နံနက် ၄ နာရီတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ တောင်ငူမြို့ အမှတ် (၂၂) ရပ်ကွက် အနီးတွင် ဖယ်ခုံမြို့နယ် ဆီဖူးကျေးရွာနေ ပန်းအောင် (ခ) အောင်ပေ (၃၉) နှစ်နှင့် သံတောင်ကြီးမြို့နယ် လိပ်သိုကျေးရွာနေ မနော်ဌေးဌေးစိုး (၂၀) နှစ်တို့ နှစ်ဦးကို ဘိန်းဖြူ ၆ ဒသမ ၃၄ ကီလို (တစ်ကီလိုလျှင်ငွေကျပ် သိန်း ၃၅၀ နှုန်းဖြင့် ၎င်းဒေသ တန်ဖိုးငွေကျပ် ၂၂၁၉ သိန်း)၊ စိတ်ကြွဆေးပြား ၈၁၀၀၀၀ (တစ်ပြားလျှင် ငွေကျပ် ၁၅၀၀ နှုန်းဖြင့် ၎င်းဒေသ တန်ဖိုးငွေကျပ် ၁ ဒသမ ၂၁၅ ဘီလီယံ)၊ TOYOTA ALPHARD ယာဉ်တစ်စီး၊ IPSUM ယာဉ်တစ်စီးတို့နှင့်အတူ ဖမ်းဆီးရမိသဖြင့် ပန်းအောင် (ခ) အောင်ပေနှင့် မနော်ဌေးဌေးစိုးတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားသည်။
ထို့ပြင် ဩဂုတ် ၃၁ ရက် ည ၁၀ နာရီခွဲ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ် (၉၂) ရပ်ကွက်နေ နေဝင်းထွန်း (ခ) ဒန်နီ (၅၂) နှစ်၏ နေအိမ်တိုက်ခန်းအား ဝင်ရောက်ရှာဖွေရာ စိတ်ကြွဆေးပြား ၇၆၀၀၀ (တစ်ပြားလျှင် ငွေကျပ် ၂၀၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုး ငွေကျပ်သိန်း ၁၅၂၀) ဖမ်းဆီးရမိသဖြင့် နေဝင်းထွန်း (ခ) ဒန်နီအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရအရေးယူထားကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment