ရှန်းကျန့် စက်တင်ဘာ ၄
ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်နှင့်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရှန်းကျန့်မြို့၌ ကျင်းပမည့် အာရှ-ပစိဖိတ်မီဒီယာဖိုရမ်တက်ရောက်ရန် စက်တင်ဘာ ၂ ရက်တွင် ကွမ်တုံးပြည်နယ် တုန်းကွမ်မြို့သို့ ရောက်ရှိကြသည်။
ကြည့်ရှုလေ့လာ
စက်တင်ဘာ ၃ ရက်တွင် တုန်းကွမ်မြို့ရှိ
DeRUCCI ကုမ္ပဏီ၏ AI နည်းပညာသုံးမွေ့ရာထုတ်လုပ်ရေး လုပ်ငန်းခွင်၌
AI မွေ့ရာများ ခင်းကျင်းပြသထားမှု၊ ထုတ်လုပ်မှုအဆင့်ဆင့်နှင့် လက်တွေ့စမ်းသပ်မှုများကိုလည်း
ကောင်း၊ OPPO Binhai Bay Park တွင် ၁၉၉၅ ခုနှစ်မှ စတင်ထုတ်လုပ်သည့် OPPO အမှတ်တံဆိပ်
ထုတ်ကုန်ပစ္စည်းများ ဖြစ်သော MP3၊ MP4၊ မိုဘိုင်းဖုန်း၊ တက်ဘလက်၊ နားကြပ်နှင့် ဆက်စပ်ပစ္စည်းများ
ခင်းကျင်း ပြသထားမှု၊ AI နည်းပညာသုံးအားကစားပစ္စည်းများ စမ်းသပ်အသုံးပြုနေမှုတို့ကိုလည်းကောင်း
ကြည့်ရှုလေ့လာကြသည်။
မွန်းလွဲပိုင်းတွင် Asia-Pacific Media
Forum Dongguan Sub- forum ကို တက်ရောက်ကြရာ ဒုတိယဝန်ကြီးနှင့်အတူ တရုတ်၊ ရုရှား၊ အမေရိကန်၊
ကနေဒါ၊ ကာဇက်စတန်၊ ပါကစ္စတန်နိုင်ငံ များမှ မီဒီယာဆိုင်ရာ တာဝန်ရှိသူများ၊ အာရှ-ပစိဖိတ်
မီဒီယာဖိုရမ်သို့ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဖိုရမ်တွင် ဒီဂျစ်တယ်စနစ်၊ ဉာဏ်ရည်တုနည်းပညာနှင့်
စိမ်းလန်းသော ဖွံ့ဖြိုးတိုးတက်မှုမှတစ်ဆင့် အာရှ-ပစိဖိတ်အသွင် ကူးပြောင်းမှုလမ်းကြောင်းအသစ်များနှင့်စပ်လျဉ်း၍
ဆွေးနွေးပြောကြားကြသည်။
ထို့နောက် ရှန်းကျန့်မြို့ရှိ ကမ္ဘာ့အကြီးဆုံး
စာအုပ်ဆိုင် Eyes of the GBA ကို ကြည့်ရှုလေ့လာကြသည်။ စက်တင်ဘာ ၄ ရက်တွင် ရှန်းကျန့်မြို့ရှိ
BYD ကုမ္ပဏီကိုသွားရောက်ပြီး ကုမ္ပဏီထုတ်မော်တော်ယာဉ်များတွင် ဆန်းသစ်တီထွင်မှုများနှင့်
ကမ္ဘာလုံးဆိုင်ရ တိုးချဲ့မှုများအကြောင်း လေ့လာကြသည်။
မွန်းလွဲပိုင်းတွင် Futian Mangrove
Ecological Park ကို သွားရောက်ပြီး ဒုတိယဝန်ကြီးနှင့် ဖိုရမ် တက်ရောက်လာကြသည့် မီဒီယာအဖွဲ့အစည်းများမှ
တာဝန်ရှိသူများက လမုပျိုးပင်များကို အမှတ်တရစိုက်ပျိုးပေးကြကာ ဒီရေတောစိုက်ခင်းကို
ကြည့်ရှုလေ့လာကြသည်။
ညနေပိုင်းတွင် Futian Shangri
- La ဟိုတယ်၌ ကျင်းပသည့် Asia-Pacific Media Forum Shenzhen Sub - forum ကို တက်ရောက်ခဲ့ကြောင်း
သိရသည်။
သတင်းစဉ်

No comments:
Post a Comment