ရန်ကုန် စက်တင်ဘာ ၅
Grand Royal M League 2026-2027 ပြိုင်ပွဲ အပတ်စဉ်-၂ ဒုတိယနေ့ပွဲစဉ်များအဖြစ် ယနေ့ညနေ ၃ နာရီခွဲတွင် မြဝတီနှင့် ရှမ်းယူနိုက်တက်အသင်း၊ သစ္စာအားမာန်နှင့် ဟံသာဝတီယူနိုက်တက်အသင်းတို့ ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ကြသည်။
စတားစီးတီးကွင်း၌
လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်းက မြဝတီအက်ဖ်စီအသင်းကို လေးဂိုး - ဂိုးမရှိဖြင့်
ဂိုးပြတ်အနိုင်ရရှိခဲ့သည်။ ရှမ်းယူနိုက်တက်အသင်းသည် ပွဲစတင်ချိန်မှစ၍ ကစားကွက်အသာစီးဖြင့်
ဖိအားပေးနိုင်ခဲ့ပြီး ပွဲချိန် ၁၁ မိနစ်နှင့် မိနစ် ၃၀ တို့တွင် ဘရာဇီးလ်တိုက်စစ်မှူး
အက်ဒ်ဆန်ဂျူနီယာက ခေါင်းတိုက်သွင်းဂိုးများဖြင့် ဦးဆောင်ဂိုးများ သွင်းယူပေးခဲ့သည်။
ပထမပိုင်း နာကျင်အချိန်ပို ၄၅+၂ မိနစ်တွင် အသင်းခေါင်းဆောင် နန္ဒကျော်က တတိယဂိုး သွင်းယူပေးခဲ့ပြီး
၆၄ မိနစ်တွင် ရဲရင့်အောင်က စတုတ္ထမြောက်အနိုင်ဂိုး ထပ်မံသွင်းယူခဲ့သည်။
သီဟဒီပကွင်း၌ ယှဉ်ပြိုင်ကစားခဲ့သည့်
ပွဲစဉ်တွင် သစ္စာအားမာန်နှင့် ဟံသာဝတီယူနိုက်တက်အသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ကြပြီး
တစ်ဖက် နှစ်ဂိုးစီ သရေရလဒ်ဖြင့် အမှတ်ခွဲယူခဲ့ကြသည်။
တတိယနေ့ပွဲစဉ်များကို
စက်တင်ဘာ ၆ ရက် ညနေ ၃ နာရီခွဲတွင် ကျောက်တိုင်အားကစားကွင်း၌ ဧရာဝတီယူနိုက်တက်နှင့်
ဒဂုံစတားယူနိုက်တက်အသင်းတို့ ဆက်လက်ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
နေမျိုး၊ ဓာတ်ပုံ-MNL

No comments:
Post a Comment