Sunday, September 13, 2026

မန္တလေးတိုင်းဒေသကြီး အားကစားအဆင့်အတန်း ပိုမိုတိုးတက်မြင့်မားစေရေးအတွက် အားကစားကွင်း/အားကစားရုံများ၏ မြေပြင်အနေအထား ကွင်းဆင်းစစ်ဆေး

 


နေပြည်တော် စက်တင်ဘာ ၁၂

မန္တလေးတိုင်းဒေသကြီး အားကစားအဆင့်အတန်း ပိုမိုတိုးတက်မြင့်မားစေရေးအတွက် မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းသည် မန္တလေးတိုင်းဒေသကြီး ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး စိုင်းအောင်ကြည်နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင် ခရိုင်/မြို့နယ်အတွင်းရှိ အားကစားကွင်း/ အားကစားရုံများကို ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေးစဉ် သက်တမ်းကြာမြင့်သည့် အားကစားကွင်း/အားကစားရုံများအား အဆင့်မြှင့်တင် တည်ဆောက်ပေးနိုင်ရေးအတွက် စီမံဆောင်ရွက်သွားရန်လိုကြောင်း၊ အားကစားကွင်း/ အားကစားရုံများ အဆင့်မီအရည်အသွေးကောင်းမွန်မှသာ တိုင်းဒေသကြီးမှ မျိုးဆက်သစ်အားကစားသမားများ ရှာဖွေဖော်ထုတ် လေ့ကျင့်ပေးနိုင်မည်ဖြစ်၍ မြန်မာ့အားကစားကဏ္ဍ ပိုမိုတိုးတက်မြင့်မားလာစေရေးအတွက် ပိုမိုအထောက်အပံ့ဖြစ် လာနိုင်မည်ဖြစ်ကြောင်း၊ အားကစားကွင်း/ အားကစားရုံများ ရေရှည်တည်တံ့စေရေး၊ သန့်ရှင်းသာယာလှပစေရေးနှင့် ပြည်သူများလာရောက်လေ့ကျင့်ကစားနိုင်ရေးအတွက် ပုံမှန်ထိန်းသိမ်းဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားသည်။

ဆက်လက်၍ အားကစားကွင်း/ အားကစားရုံများတွင် လေ့ကျင့်လျက်ရှိသည့် မြန်မာ့သိုင်း၊ စားပွဲတင်တင်းနစ်၊ လက်ဝှေ့၊ တိုက်ကွမ်ဒိုနှင့် ဖူဆယ်အားကစားသမားများ၏ အားကစားနည်းအလိုက် လေ့ကျင့်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး အားကစားအဖွဲ့များအတွက် အားကစားအထောက်အကူပြုပစ္စည်းများကို ထောက်ပံ့ပေးအပ်သည်။

ထို့ပြင် ဗထူးအားကစားကွင်းရှိ စားပွဲတင်တင်းနစ်ခန်းမ၌ အားကစားသမားများ လေ့ကျင့်နေမှု၊ Gym ခန်းမတို့ကိုလည်းကောင်း၊ အောင်မြေမန္တလာအားကစားကွင်းနှင့် ဝူရှူးအားကစားသမားများ၏ သရုပ်ပြသမှုတို့ကိုလည်းကောင်း ကြည့်ရှုအားပေးပြီး အားကစားသမားများအတွက် ထောက်ပံ့ပစ္စည်းများပေးအပ်သည်။

ထိုမှတစ်ဆင့် ရွှေမန်းတောင်အားကစားကွင်း၌ အားကစားကွင်း အုတ်တံတိုင်းကာရံခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကိုကြည့်ရှုစစ်ဆေးပြီး မိုးဒဏ်၊ လေဒဏ်များနှင့် သဘာဝဘေး အန္တရာယ်ဒဏ်များကို ခံနိုင်ရည်ရှိပြီး ရေရှည်တည်တံ့အောင် သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ဦးစားပေးဆောင်ရွက်သွားရန် သက်ဆိုင်ရာကုမ္ပဏီများမှ တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်


No comments:

Post a Comment