Saturday, September 19, 2026

အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ် အခြေခံပညာအထက်တန်းအဆင့် ပန်းချီပြိုင်ပွဲကျင်းပ

 

နေပြည်တော် စက်တင်ဘာ ၁၈

၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၃ ရက်တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ (International Day for Disaster Risk Reduction – IDDRR) အထိမ်းအမှတ်အဖြစ် အခြေခံပညာအထက်တန်းအဆင့် ပန်းချီပြိုင်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ် အမှတ်(၁၄)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။

ပါဝင်ယှဉ်ပြိုင်

ပြိုင်ပွဲကို “ဘေးဒဏ်ကြံ့ကြံ့ခံနိုင်ဖို့ နေအိမ်များမှစတင်စို့” ခေါင်းစဉ်ဖြင့် ကျင်းပခြင်းဖြစ်ပြီး နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ အခြေခံပညာ ကျောင်း ၂၉ ကျောင်းမှ ကျောင်းသား ကျောင်းသူ ၅၇ ဦး ပါဝင်ယှဉ်ပြိုင်ကြသည်။

ကြည့်ရှုအားပေး

အဆိုပါပန်းချီပြိုင်ပွဲကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးကြသည်။

ပေးအပ်ချီးမြှင့်

ပြိုင်ပွဲတွင် ဆုရရှိသူများကို အောက်တိုဘာ ၁၃ ရက်တွင် နေပြည်တော်၌ ကျင်းပမည့် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ်အခမ်းအနားတွင် ဂုဏ်ပြုဆုငွေနှင့် ဆုတံဆိပ်များပေးအပ်ချီးမြှင့် သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment