ဖလမ်း စက်တင်ဘာ ၁၂
မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ်အဖြစ် နယ်မြေခံရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများသည် ယနေ့နံနက်ပိုင်းတွင် ဖလမ်းမြို့ ကျင်မွာလ်ရပ်ကွက်ရှိ ဘောလုံးကွင်းနှင့် မိုးလုံလေလုံအားကစားရုံကြီးတို့၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ကြသည်။
ထိုသို့ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် ချင်းပြည်နယ် သယံဇာတ ဝန်ကြီး၊ ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး ကော်မတီ ဝင်များနှင့်အတူ သွားရောက်ကြည့်ရှုအားပေးသည်။
မွန်းလွဲပိုင်းတွင် ဖလမ်းခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ရုံးအဆောက် အအုံပြုပြင်ပြီးစီးမှုနှင့် မြေထိန်းနံရံတည်ဆောက်နေမှု၊ ခရိုင်စာရင်းစစ်ရုံး အဆောက်အအုံနှင့် ဝန်ထမ်းအိမ်ရာပြုပြင်ပြီးစီးမှု၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး မြေထိန်းနံရံ တည်ဆောက်နေမှု၊ စိုက်ပျိုးရေးဦးစီးဌာနရုံး အဆောက်အအုံနှင့် ရိပ်သာပြန်လည်ပြုပြင်နေမှုတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
အလားတူ ယနေ့နံနက်ပိုင်းတွင် တီးတိန်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ နယ်မြေခံတပ်ရင်းမှူးနှင့် တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဝင်များ၊ ဒေသခံပြည်သူများစုပေါင်း၍ လွယ်ဘွားရပ်ကွက်၊ အမှတ် ၅ အခြေခံပညာ အလယ်တန်းကျောင်းခွဲ၊ လွယ်ဘွားရပ်ကွက် ကမ်းဟောက်လမ်းမကြီးဘေးနှင့် စည်ပင်သာယာ စျေးအဟောင်းတို့တွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment