ဗလာဒီဗော့စတော့ စက်တင်ဘာ ၁
ရုရှားဖက်ဒရယ်နိုင်ငံ ဗလာဒီဗော့စတော့မြို့တွင် ကျင်းပမည့် (၁၁) ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်သို့ တက်ရောက်ရန် ဗလာဒီဗော့စတော့မြို့သို့ ရောက်ရှိနေသည့် ဒုတိယသမ္မတ ဦးညိုစောသည် ရုရှားဖက်ဒရယ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် မစ္စတာ ယူရီပက်ထရိုဗစ်ချ် ထရုညက်ဖ်နှင့် စက်တင်ဘာ ၁ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၃ နာရီခွဲတွင် ဗလာဒီဗော့စတော့မြို့၌ တွေ့ဆုံပြီး မြန်မာ-ရုရှားနှစ်နိုင်ငံဆက်ဆံရေး၊ ပညာရေးကဏ္ဍပူးပေါင်းဆောင်ရွက်ရေး၊ ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်တည်ဆောက်ရေး၊ စွမ်းအင်၊ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ခရီးသွားကဏ္ဍတို့ဖြင့် အကောင်အထည်ဖော်ဆောင်ရေးနှင့် ဗလာဒီဗော့စတော့မြို့တွင် ရုရှားဖက်ဒရယ်နိုင်ငံဆိုင်ရာ မြန်မာကောင်စစ်ဝန်ချုပ်ရုံး ဖွင့်လှစ်နိုင်ရေးဆိုင်ရာများကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။
မွန်းလွဲပိုင်းတွင်
ဒုတိယသမ္မတ ဦးညိုစောသည် ရုရှားသမ္မတ၏ အကြံပေးနှင့် ဖိုရမ်ကျင်းပရေးကော်မတီအမှုဆောင်အတွင်းရေးမှူး
မစ္စတာ အန်တွန်ကိုဗျာကော့ဗ်၊ ရော့စ်ကွန်ဂရက်စ်ငွေကြေးရန်ပုံငွေအဖွဲ့ ညွှန်ကြားရေးမှူး
မစ္စတာ အလက်ဇန်းဒါးရှတီရော့ဗ်တို့နှင့် ဗလာဒီဗော့စတော့မြို့၌ သီးခြားစီလက်ခံတွေ့ဆုံသည်။
တွေ့ဆုံပွဲများသို့
ဒုတိယသမ္မတနှင့်အတူ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဦးကိုကိုလွင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုကျော်၊ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့်
ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းဇေယျာလှိုင်၊
မြန်မာသံအမတ်ကြီး ဦးမျိုးမိုးအောင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။


No comments:
Post a Comment