နေပြည်တော် ဩဂုတ် ၃၁
နောင်ချိုမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နောင်ချို-ဂုတ်ထိပ် ရထားလမ်းပိုင်း ရေကျော်နစ်မြုပ်မှုဖြစ်ပွားခဲ့ပြီး ယခုအခါ လမ်းပိုင်းပြုပြင်ပြီးစီးပြီဖြစ်၍ ရထားပြေးဆွဲမှု ယာယီရပ်နားခဲ့ရသည့် ပြင်ဦးလွင်-ဂုတ်ထိပ် အစုန်/ အဆန် ရထားခရီးစဉ်ကို လာမည့်စနေနေ့မှစ၍ အပတ်စဉ် ပုံမှန်ပြန်လည်ပြေးဆွဲပေးသွားမည်ဖြစ်သည်။
ယနေ့နံနက်ပိုင်းတွင်
ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဦးမြထွန်းဦးသည် ဒုတိယဝန်ကြီး၊ မန္တလေးတိုင်းဒေသကြီး စက်မှု၊ လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊
ပို့ဆောင်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ တာဝန်ရှိသူများနှင့်အတူ ပြင်ဦးလွင်ဘူတာမှ
ဂုတ်ထိပ်ဘူတာသို့ RBE ရထားဖြင့် လိုက်ပါစီးနင်းပြီး ပြင်ဦးလွင်-ဂုတ်ထိပ် ရထားလမ်းပိုင်းအတွင်း
ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးစဉ်
ပြည်ထောင်စုဝန်ကြီးက ရထားလမ်းဘေး ဝဲ/ ယာ တောချုံခုတ်ရန်၊ မြက်ပင်ပေါင်းပင်များရှင်းလင်းရန်၊ တောင်ကြားဖြတ်သန်းသည့် နေရာများတွင် သံလမ်းဘေးဝဲ/
ယာ၌ ရေများမဝပ်စေရန် ရေစီးရေလာကောင်းမွန်စေရေး ရေနုတ်မြောင်းများပြုလုပ်ရန်၊ တောင်မြေပြိုပြီး
သံလမ်းအား မြေကြီးများမဖုံးစေရေး ဆောင်ရွက်ထားရန်နှင့် နောင်ချိုနှင့် ဂုတ်ထိပ်ဘူတာအကြား
တံတားအမှတ် (၂၃၂)အနီးတွင် တောင်ကျရေများကြောင့် သံလမ်းပေါ်ရေကျော်ခဲ့ခြင်းများမဖြစ်စေရန်
ရေစီးရေလာကောင်းမွန်စေရေးအတွက် ကျောက်စီရေမြောင်းဖြင့် စနစ်တကျဆောင်ရွက်ထားရှိရန်မှာကြားသည်။
ထို့ပြင် ဂုတ်ထိပ်ဘူတာသို့
ရောက်ရှိပြီး ဘူတာသန့်ရှင်းသာယာရေးနှင့် ဝန်ထမ်းလိုင်းခန်းများ ကောင်းမွန်ရေးအတွက်
ပြုပြင်ဆောင်ရွက်ပေးရန်၊ တံတား၏ ပြင်ဦးလွင်ဘက်အခြမ်း တံတားအဝင်ညာဘက်ခြမ်း မြေသားထပ်မံဖို့ရန်၊
သမိုင်းဝင်ဂုတ်ထိပ်တံတားပေါ်သို့ RBE ရထားဖြင့် လိုက်ပါစီးနင်းကာ တံတားကြံ့ခိုင်ရေးနှင့်
သန့်ရှင်းသပ်ရပ်ရေးတို့အတွက် ဆေးသုတ်ပြုပြင်ထားရှိမှု၊ တံတားတိုင်အောင်ခြေပတ်လည်တွင်
ခြံစည်းရိုးကာရံခြင်းလုပ်ငန်း ဆောင်ရွက်ထားရှိမှုများအား ပျက်စီးမှုမရှိစေရေး စနစ်တကျထိန်းသိမ်းသွားရန်၊
တံတားကြမ်းခင်းပေါ်တွင် ရေတင်နေသဖြင့် ရေထွက်ပေါက်ပြုလုပ်ရန်၊ တံတားဇလီဖားဆွေးများ
လဲလှယ်ရန်မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment