ရန်ကုန် စက်တင်ဘာ ၁၁
ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်ရှိ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်) အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနမှ သိရသည်။
အဆိုပါလုပ်ငန်းများ ဆောင်ရွက်နေမှု၊ တိုင်းရင်းသားရိုးရာအစားအသောက်များ
ရောင်းချရန်၊ ဖျော်ဖြေမှုနှင့် အပန်းဖြေဥယျာဉ်အဆောက်အအုံများ တည်ဆောက်ရန်၊
အားကစားကွင်းများ တည်ဆောက်ရန်၊ Shopping Center များ၊ နားနေဆောင်များ တည်ဆောက်ရန်နှင့် သီးခြားဆောင်ရွက်လိုသော
လုပ်ငန်းများအတွက် မြေ/အဆောက်အအုံများ ငှားရမ်းခြင်း ဆောင်ရွက်နိုင်ရန်အတွက်
ပြည်ထောင်စုတိုင်းရင်းသားကျေးရွာအတွင်း သင့်လျော်မည့် မြေဧရိယာကို ယနေ့နံနက်ပိုင်းက
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုင်းထွန်းညိုသည်
တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ထိုသို့ သွားရောက်စဉ် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်)
အစည်းအဝေးခန်းမ၌ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်) တွင် ၂၀၂၆-၂၀၂၇
ဘဏ္ဍာရေးနှစ်အတွင်း စိတ်ဝင်စားမှုလျှောက်လွှာခေါ်ယူခြင်း (Expression of Interest - EOI) နှင့် စပ်လျဉ်း၍ တိုင်းရင်းသားလုပ်ငန်းရှင်များ၊ တာဝန်ရှိသူများနှင့်လည်း
တွေ့ဆုံဆွေးနွေးခဲ့သည်။
မွန်းလွဲပိုင်းတွင်
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးများတွင်
တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများနှင့် တွေ့ဆုံဆွေးနွေးပြီး ဝန်ထမ်းများက
ဌာနဆိုင်ရာလုပ်ငန်းလိုအပ်ချက်များ၊ ဝန်ထမ်းအပြောင်းအရွှေ့ဆိုင်ရာကိစ္စရပ်များ၊ ရာထူးတိုးမြှင့်ရေးဆိုင်ရာကိစ္စရပ်များ
ဆွေးနွေးတင်ပြမှုအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးပြီး ဝန်ထမ်းများကို ဂုဏ်ပြုချီးမြှင့်ငွေများ
ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment