နေပြည်တော် စက်တင်ဘာ ၁၁
ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင်မြို့တွင် ချစ်ကြည်ရေးခရီးစဉ်ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ဒေသစံတော်ချိန် ညနေ ၅ နာရီတွင် ကမ္ဘောဒီးယားနိုင်ငံအမျိုးသားလွှတ်တော်ဥက္ကဋ္ဌ H.E. Mrs. Samdech KHUON Sundary နှင့် ကမ္ဘောဒီးယားအမျိုးလွှတ်တော်အဆောက်အဦ၊ အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးသည်။
ဦးစွာ နိုင်ငံတော်သမ္မတသည် တွေ့ဆုံပွဲကျင်းပပြုလုပ်မည့်
ကမ္ဘောဒီးယားအမျိုးသားလွှတ်တော်အဆောက်အဦသို့ ရောက်ရှိရာ
ကမ္ဘောဒီးယားအမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ရင်းရင်းနှီးနှီးကြိုဆိုနှုတ်ဆက်ပြီး
နိုင်ငံတော်သမ္မတနှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့သည်
မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
ထို့နောက် တွေ့ဆုံပွဲကိုကျင်းပရာ
နိုင်ငံတော်သမ္မတနှင့်အတူ ခရီးစဉ်တွင် အဖွဲ့ဝင်အဖြစ်လိုက်ပါလာသည့်
ပြည်ထောင်စုဝန်ကြီးများ၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်၊
မွန်ပြည်နယ်ဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊
ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး ကမ္ဘောဒီးယား
နိုင်ငံအမျိုးသားလွတ်တော်ဥက္ကဋ္ဌနှင့်အတူ လွှတ်တော်မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့သည်
ရှည်လျားသည့် ရာဇဝင်သမိုင်းကြောင်းများနှင့် ယဉ်ကျေးမှု၊ ဓလေ့ထုံးစံများ
ကိုးကွယ်ယုံကြည်မှု၊ လွတ်လပ်ရေးကြိုးပမ်းမှုနှင့် ပြည်တွင်းတည်ငြိမ်အေးချမ်းရေး ကြိုးပမ်းတည်ဆောက်ခဲ့ရမှုများ
စသည်ဖြင့် တူညီကြပြီး ချစ်ကြည်ရင်းနှီးသည့် မိတ်ဖက်နိုင်ငံများဖြစ်မှုအခြေအနေ၊
နှစ်နိုင်ငံသည် မိတ်ဆွေနိုင်ငံများဖြစ်ကြပြီး သမိုင်းအစဉ်အလာကြီးမားကာ ခေတ်အဆက်ဆက်
နှစ်နိုင်ငံခေါင်းဆောင်များအချင်းချင်းလည်း ချစ်ကြည်ရင်းနှီးသည့်
ဆက်ဆံမှုများရှိခဲ့ကြသည့် အခြေအနေ၊ ယခုခရီးစဉ်အတွင်း
နှစ်နိုင်ငံအကြားချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာစာချုပ်များနှင့်
နားလည်မှုစာချွန်လွှာများကို လက်မှတ်ရေးထိုးနိုင်ခဲ့မှုအခြေအနေ၊
မြန်မာနိုင်ငံအနေဖြင့် လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို
ကျင်းပပြုလုပ်နိုင်ခဲ့ပြီး ရွေးကောက်ခံအစိုးရအဖွဲ့က နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက်
ဆက်လက်ကြိုးပမ်းဆောင်ရွက်လျက်ရှိမှု အခြေအနေ၊ မြန်မာနိုင်ငံတွင်
ရွေးကောက်ပွဲကျင်းပချိန်က ကမ္ဘောဒီးယားနိုင်ငံမှ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့များ
စေလွှတ်လေ့လာခဲ့မှုနှင့် မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ခဲ့မှုအပေါ်
ကမ္ဘောဒီးယားလွှတ်တော်အနေဖြင့် ဝမ်းမြောက်ဂုဏ်ယူမှုအခြေအနေ၊ မြန်မာနိုင်ငံ၏
နိုင်ငံရေးဖြစ်ပေါ်တိုးတက်ပြောင်းလဲမှုများ၊ နှစ်နိုင်ငံလွှတ်တော်နှစ်ရပ်အကြား
ဥပဒေပြုရေးနှင့် ကြီးကြပ်ရေးဆိုင်ရာ အတွေ့အကြုံများကို မျှဝေဆောင်ရွက်သွားမည့်အခြေအနေ၊
မြန်မာ-ကမ္ဘောဒီးယား လွှတ်တော်နှစ်ရပ်အကြား ချစ်ကြည်ရေးအသင်းဖွဲ့စည်းပြီး
လွှတ်တော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ဆောင်ရွက်လျက်ရှိမှုအခြေအနေ၊
မြန်မာနိုင်ငံအနေဖြင့် အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံနိုင်ငံများ၊ဒေသတွင်း
နိုင်ငံများနှင့် ဆက်ဆံရေးပိုမိုတိုးတက်ကောင်းမွန်လာအောင် အလေးထားဆောင်ရွက်လျက်
ရှိမှုအခြေအနေ၊ မြန်မာနိုင်ငံတွင် အမျိုးသမီးများနှင့် လူငယ်များ၏ အခန်းကဏ္ဍမြှင့်တင်ဆောင်ရွက်လျက်ရှိမှုအခြေအနေနှင့်
နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများ
ဆက်လက်မြှင့်တင်ဆောင်ရွက်သွားမည့် အခြေအနေနှင့် ပတ်သက်၍
ရင်းရင်းနှီးနှီးဆွေးနွေးကြသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်သမ္မတနှင့်
ကမ္ဘောဒီးယားနိုင်ငံ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့သည် တက်ရောက်လာကြသည့်
နှစ်နိုင်ငံအဆင့်မြင့်ကိုယ်စား လှယ်အရာရှိကြီးများနှင့်
စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတအား ကမ္ဘောဒီးယားနိုင်ငံ
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ရင်းရင်းနှီးနှီးလိုက်လံ ပို့ဆောင်နှုတ်ဆက်ခဲ့ကြောင်း
သတင်းရရှိသည်။




No comments:
Post a Comment