Sunday, September 6, 2026

ဟင်းသီးဟင်းရွက် အခြောက်ခံစက်ရုံမှ ဒေသထွက် ဂေါ်ဖီထုပ်၊ မုန်လာဥအရွက်၊ မုန်လာဥအနီ၊ အဖြူ၊ ဟင်းနုနယ်ရွက်တို့ကို အခြောက်ပြုလုပ်ပြီး ဂျပန်နိုင်ငံနှင့် ကိုရီးယားနိုင်ငံတို့ကို တင်ပို့ရောင်းချလျက်ရှိ

 


ကလော စက်တင်ဘာ ၅

ရှမ်းပြည်နယ် ကလောခရိုင် ဟဲဟိုးမြို့ ဝါးရုံပင်ကျေးရွာ Myanmar Belle ဟင်းသီးဟင်းရွက် အခြောက်ခံစက်ရုံမှ ဒေသထွက် ဂေါ်ဖီထုပ်၊ မုန်လာဥအရွက်၊ မုန်လာဥအနီ၊ အဖြူ၊ ဟင်းနုနယ်ရွက်တို့ကို အခြောက်ပြုလုပ်ပြီး ဂျပန်နိုင်ငံနှင့် ကိုရီးယားနိုင်ငံတို့ကို တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။

အဆိုပါစက်ရုံ၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးသည် ပြည်နယ်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ ယနေ့နံနက်ပိုင်းက သွားရောက်ကြည့်ရှုအားပေးသည်။

ထိုမှတစ်ဆင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံ ဟဲဟိုးကျောင်းသို့ သွားရောက်ပြီး ဆရာ ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံဆွေးနွေးကာ ထောက်ပံ့ငွေများပေးအပ်သည်။

ဆက်လက်၍ မိုးသည်းထန်စွာရွာသွန်းပြီး ချောင်းရေမြင့်တက်မှုကြောင့် ကလောမြို့နယ် အင်းပြင်ကျေးရွာမှ ပြိုကျပျက်စီးခဲ့သည့် တံတားအခြေအနေ၊ ယာယီတံတား ဆောင်ရွက်ထားရှိမှုနှင့် အသစ်ပြန်လည်ဆောင်ရွက်မည့်အခြေအနေကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

မောင်မောင်သန်း (တောင်ကြီး)

No comments:

Post a Comment