Monday, September 28, 2026

လာမည့်နွေရာသီတွင် လျှပ်စစ်ဓာတ်အား ပိုမိုဖြန့်ဖြူးပေးနိုင်ရေး ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းဥက္ကဋ္ဌ ကွင်းဆင်းစစ်ဆေး


ရန်ကုန် စက်တင်ဘာ ၂၇

လာမည့်နွေရာသီတွင် လျှပ်စစ်ဓာတ်အား ပိုမိုဖြန့်ဖြူးပေးနိုင်ရေးအတွက် ပင်မဓာတ်အားခွဲရုံများနှင့် ဖြန့်ဖြူးရေးဓာတ်အားလိုင်းများ ကြံ့ခိုင်ကောင်းမွန်စေရေး ဆောင်ရွက်ထားမှုအခြေအနေကို ယမန်နေ့က ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းဥက္ကဋ္ဌ ဦးအောင်ကျော်ဦးသည် တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်း ကြည့်ရှုစစ်ဆေးသည်။

ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် မရမ်းကုန်းမြို့နယ်ရုံး ဓာတ်အားခွဲရုံ၊ တော်ဝင်ဓာတ်အားခွဲရုံ၊ ၁၀ မိုင်ဓာတ်အားခွဲရုံ၊ လှော်ကားပင်မဓာတ်အားခွဲရုံ၊ ရွာမဓာတ်အားပေးစက်ရုံတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လာမည့်နွေရာသီ ဓာတ်အားသုံးစွဲမှုမြင့်မားချိန်တွင် ဓာတ်အားပိုမို ဖြန့်ဖြူးပေးနိုင်ရေးအတွက် ဖီဒါအသစ်များ တိုးချဲ့တပ်ဆင်၍ ဝန်အားမျှဖြန့်ဖြူးရေး၊ လျှပ်စစ် ဓာတ်အားလိုင်းများနှင့် ထရန်စဖော်မာများ ကြံ့ခိုင်မှုရှိစေရန် ကြိုတင်စစ်ဆေး ပြုပြင်ထိန်းသိမ်းခြင်းများ ဆောင်ရွက်ထားရှိရေးတို့ကို မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment