Thursday, August 20, 2026

ဂျပန်နိုင်ငံ၌ ကျင်းပမည့် U-12 World Challenge 2026 ပြိုင်ပွဲ မြန်မာ ယူ-၁၂ အသင်း ဝင်ရောက်ယှဉ်ပြိုင်မည်

 

ရန်ကုန် ဩဂုတ် ၁၉

ဂျပန်နိုင်ငံ၌ ကျင်းပမည့် U-12 Junior Soccer World Challenge 2026 ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင် ရန်အတွက် မြန်မာ ယူ-၁၂ အမျိုးသားလူငယ် ဘောလုံးအသင်းသည် ဂျပန်နိုင်ငံသို့ ယနေ့တွင် စတင်ထွက်ခွာခဲ့ကြောင်း သိရသည်။

ယခုနှစ်ပြိုင်ပွဲတွင် မြန်မာ ယူ-၁၂ အသင်းသည် အုပ်စု(I)၌ ကျရောက်နေပြီး ဂျပန်ကလပ်အသင်း များဖြစ်သည့် Urawa Red Diamonds Junior ၊ FC LIBERTA Fukuoka U-12 နှင့် Shonan Bellmare Academy တို့နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

ပွဲစဉ်ဇယားအရ မြန်မာ ယူ-၁၂ အသင်းသည် ဩဂုတ် ၂၁ ရက် တွင် Urawa Red Diamonds Junior အသင်းနှင့်လည်းကောင်း၊ ဩဂုတ် ၂၂ ရက်တွင် FC LIBERTA Fukuoka U-12 အသင်း၊ Shonan Bellmare Academy အသင်းတို့နှင့်လည်းကောင်း ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်းပေါင်း ၄၀ ကို လေးသင်းစီပါအုပ်စု ၁၀ ခု ခွဲခြားယှဉ်ပြိုင်စေမည်ဖြစ်ပြီး အုပ်စုဗိုလ် ၁၀ သင်းနှင့် အကောင်းဆုံးဒုတိယရ ခြောက်သင်း စုစုပေါင်း ၁၆ သင်းက ရှုံးထွက်အဆင့်သို့ တက်ရောက်ခွင့်ရရှိမည် ဖြစ်သည်။

အဆိုပါ ပြိုင်ပွဲကို ဩဂုတ် ၂၁ ရက်မှ ၂၄ ရက်အထိ ဂျပန်နိုင်ငံချီဘာမြို့၌ ကျင်းပမည်ဖြစ်ပြီး မြန်မာလူငယ်ကစားသမားများ နိုင်ငံတကာပြိုင်ပွဲ အတွေ့အကြုံ သစ်များနှင့် စိန်ခေါ်မှုများရရှိစေရန် ၂၀၂၃ ခုနှစ်မှစ၍ နှစ်စဉ်သွားရောက် ယှဉ်ပြိုင်ခဲ့ရာ ယခုနှစ်သည် မြန်မာ ယူ-၁၂ အသင်း၏ စတုတ္ထအကြိမ်မြောက် သွားရောက်ယှဉ်ပြိုင်သည့် ခရီးစဉ်ဖြစ်သည်။

နေမျိုး

ဓာတ်ပုံ-MFF

No comments:

Post a Comment