ရန်ကုန် ဩဂုတ် ၂၈
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် လေးမျက်နှာမြို့နယ် ရေဘေးသင့်ပြည်သူများအတွက် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက ဆောင်ရွက်နေသော လူမှုကရုဏာအကူအညီများပေးရာတွင် အသုံးပြုနိုင်ရန် PTTEP International Limited က ငွေကျပ် ၉၀၂၇၅၀၀၀ ကို ယနေ့နံနက်ပိုင်းကအသင်း၏ ရန်ကုန်ရုံးခွဲတွင် လာရောက်လှူဒါန်းရာ မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာမျိုးညွန့်က လက်ခံခဲ့ပြီး ကျေးဇူးတင်စကားပြောကြားသည်။
လှူဒါန်းပွဲသို့ အလုပ်အမှုဆောင် ပါမောက္ခ ဒေါက်တာဒေါ်မြသူ၊ ပါမောက္ခ ဒေါက်တာ ဒေါ်မာလာဝင်း၊ အရင်းအမြစ်စုစည်းအသုံးချရေးဌာန ညွှန်ကြားရေးမှူး ဒေါ်မေစန္ဒာမျိုးနှင့် တာဝန်ရှိသူများ၊ PTTEP International Limited မှ General Manager Mr.Suppakarn Thanatit နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်
.jpg)
No comments:
Post a Comment