Wednesday, August 26, 2026

လက်ရက်ကန်းနှင့် သဘာဝဆိုးဆေးအထည်များပြပွဲ ကျင်းပမည် Open configuration options

 ရန်ကုန် ဩဂုတ် ၂၅

သဘာဝဆိုးဆေးနှင့် လက်ရက်ကန်းအထည်ပြုလုပ်မှုအဆင့်ဆင့်ကိုလေ့လာနိုင်မည့် အထူးပြပွဲကို ဩဂုတ် ၂၈ ရက်မှ ၃၁ ရက်အထိ Yangon City Mall St. John ကျင်းပသွားမည်ဖြစ်ကြောင်း Stallion Goddess မှ ထုတ်ပြန်ထားသည်။

အဆိုပါပြပွဲတွင် ချည်ဆိုးခြင်း၊ အရောင်စမ်းသပ်ခြင်းမှစ၍ ရက်ကန်းခတ်ခြင်းနှင့်အထည်ချုပ်လုပ်ခြင်းအထိ လက်ရာတစ်ခုစီ၏ နောက်ကွယ်မှဖန်တီးမှုအဆင့်ဆင့်ကို ပြည်သူများလေ့လာနိုင်ရန်စီစဉ်ထားခြင်း ဖြစ်သည်။

ပြပွဲအတွင်း လာရောက်ကြည့်ရှုသူများအနေဖြင့် သဘာဝဆိုးဆေးပစ္စည်းများ၊ ကိုယ်တိုင်ဆိုးလုပ်ထားသည့် ချည်လိမ်များနှင့် Eco Print ပိတ်စများ၊ လက်ရက်ကန်းပိတ်စများအပြင် ယင်းပိတ်စများဖြင့် ချုပ်လုပ်ထားသည့် Ready-to-Wear အထည်များ၊ ရက်ကန်းခတ်သည့် အဆင့်ဆင့်ကို ပွဲအတွင်း လက်တွေ့ရက်ကန်းခတ်ပြသသွားမည်ဖြစ်သည်။

ယခုပြပွဲ၌ အထည်များကိုရောင်းချရုံတင်မဟုတ်ဘဲ အထည်တစ်ထည်၏နောက်ကွယ်မှ လက်ရာ၊ အချိန်နှင့် ဖန်တီးသူများ၏ ကြိုးပမ်းမှုများကိုမျှဝေရန် ရည်ရွယ်ခြင်းဖြစ်သည်။ ပြပွဲသို့ လာရောက်သူများအနေဖြင့် သဘာဝဆိုးဆေးအသုံးပြုပုံနှင့် ရက်ကန်းခတ်နည်းစသည့် နည်းပညာပိုင်းဆိုင်ရာ စိတ်ဝင်စားမှုများကို ဖန်တီးသူများနှင့် တိုက်ရိုက်မေးမြန်းဆွေးနွေးနိုင်မည်ဖြစ်သည်။

ထို့အပြင် ချည်ဆိုးခြင်းမှ အထည်ချုပ်လုပ်ခြင်းအထိ ကိုယ်တိုင်ဆောင်ရွက်ထားခြင်းကြောင့် ကြားခံအဆင့်မရှိဘဲ အရည်အသွေးကောင်းမွန်သည့်အထည်များကို ဈေးနှုန်းသင့်တင့်စွာ ရောင်းချပေးမည်ဖြစ်ပြီး လက်ကားဝယ်ယူသူများအတွက်လည်း အရည်အသွေးအလိုက် လျှော့ဈေးများစီစဉ်ထားကြောင်း သိရသည်။  

TWA

No comments:

Post a Comment