နေပြည်တော် ဩဂုတ် ၁၂
၂၀၂၆ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ ဖူဆယ်ဘောလုံးပြိုင်ပွဲ (အမျိုးသား) ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဩဂုတ် ၁၄ ရက် မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ဖူဆယ်အားကစားပြိုင်ပွဲရုံ၌ ကျင်းပမည်ဖြစ်သည်။
ဗိုလ်လုပွဲ
ပွဲစဉ်အဖြစ် ကာကွယ်ရေးဝန်ကြီးဌာနအသင်းနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး
အဆိုပါ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယင်းနေ့ မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်မှ
စတင်၍ MRTV
HD Channel ၊ MRTV Sports Channel နှင့် MRTV
Entertainment Channel တို့မှ တိုက်ရိုက် (Live) ထုတ်လွှင့်ပြသမည်ဖြစ်သည်။
သတင်းစဉ်
No comments:
Post a Comment