ရန်ကုန် ဇူလိုင် ၃၁
ပထမအကြိမ်မြောက် FIFA ASEAN Cup 2026 ပြိုင်ပွဲကြီးကို လာမည့်စက်တင်ဘာ ၂၁ ရက်မှ အောက်တိုဘာ ၆ ရက်အထိ အင်ဒိုနီးရှားနိုင်ငံနှင့် ဟောင်ကောင်တို့တွင် ကျင်းပသွားမည်ဖြစ်ပြီး Premier Division နှင့် Challenge Division ဟူ၍ တန်းနှစ်တန်း ခွဲခြားကာ FIFA အဆင့်သတ်မှတ်ချက်များအတိုင်း ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
Premier Division
အဆင့်ပြိုင်ပွဲကို အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပသွားမည်ဖြစ်ပြီး အုပ်စု (A) တွင် အိမ်ရှင်
အင်ဒိုနီးရှား၊ အိန္ဒိယ၊ မလေးရှား၊ စင်ကာပူနှင့် အုပ်စု (B) တွင် ဗီယက်နမ်၊ ပါကစ္စတန်၊
ထိုင်း၊ ဖိလစ်ပိုင် အသင်းတို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ အုပ်စုနှစ်ခုမှ ပထမရရှိသည့်
အသင်းနှစ်သင်းသည် ဗိုလ်လုပွဲကစားရမည်ဖြစ်ပြီး အုပ်စုဒုတိယရရှိသည့် အသင်းနှစ်သင်းက တတိယနေရာလုပွဲ
ယှဉ်ပြိုင်ကြရမည်ဖြစ်သည်။
Challenge Division
အဆင့်ပြိုင်ပွဲတွင် အာဆီယံနိုင်ငံများနှင့် ဖိတ်ခေါ်အသင်းများ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး
အုပ်စု (A) တွင် အိမ်ရှင်ဟောင်ကောင်၊ မြန်မာ၊ ဘရူနိုင်းနှင့် အုပ်စု (B) တွင် ကမ္ဘောဒီးယား၊
လာအို၊ တီမောအသင်းတို့ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ Challenge Division ပြိုင်ပွဲတွင်လည်း
အုပ်စု နှစ်ခုမှ ပထမရရှိသည့် အသင်းနှစ်သင်းက ဗိုလ်လုပွဲကစားရမည်ဖြစ်ပြီး အုပ်စုဒုတိယ
ရရှိသည့် အသင်းနှစ်သင်းက တတိယနေရာလုပွဲ ယှဉ်ပြိုင်ကြရမည်ဖြစ်သည်။
နေမျိုး၊ ဓာတ်ပုံ-MFF

No comments:
Post a Comment