ရန်ကုန် ဇူလိုင် ၃၁
ပခုက္ကူဦးအုံးဖေတည်ထောင်သော ပခုက္ကူစာပေဆုကို နှစ်စဉ်ချီးမြှင့်လျက်ရှိရာ (၃၂) ကြိမ်မြောက်အတွက် ပခုက္ကူစာပေတစ်သက်တာဆုနှင့် ပခုက္ကူစာပေဆုရရှိသူများ၏အမည်စာရင်းကို ပခုက္ကူစာပေဆု ရန်ပုံငွေကြီးကြပ်ရေးကော်မတီက စိစစ်ရွေးချယ်ခဲ့သည်။
ပခုက္ကူစာပေတစ်သက်တာဆုကို
ဆရာကြီး ဦးဖေငြိမ်း (ကျော်စောဟန်) နှင့် ဆရာကြီး ဦးစိုးဝင်း (တက္ကသိုလ်စိုးယဉ်)တို့က
ရရှိကြသည်။
ဝတ္ထုရှည်ဆုတွင်
ပထမဆုကို ရွှေညာသားမြတ်မင်း၏ “နှလုံးသားထက်မှ အချစ်အက္ခရာ”၊ ဒုတိယဆုကို တက္ကသိုလ်မင်းမင်းလတ်
ရေးသားသည့် “ဤမြေသည်သာ”၊ တတိယဆုကို ကျော်တေဇ (ဥက္ကလာ) ရေးသားသည့် “အဖြူရောင်ပိတ်လွှာလေးပေါ်
စွန်းထင်းခဲ့သော မျက်ရည်တစ်စက်” စာမူတို့ကလည်းကောင်း၊ ဝတ္ထုတိုပေါင်းချုပ်ဆုတွင် ပထမဆုကို
အထွန်း (တမာမြေ) ရေးသားသည့် “ရှေးကထက် ပိုလို့ချစ်ကြသည်နှင့် အခြားဝတ္ထုတိုများ”၊ ဒုတိယဆုကို
စံဝင်းအောင် (မြန်အောင်) ရေးသားသည့် “မှတ်ကျောက်တင်နှလုံးသားနှင့် အခြားဝတ္ထုတိုများ”၊
ကဗျာပေါင်းချုပ်ဆုတွင် ပထမဆုကို ခင်ဖုန်းကြည် (မိုင်းပွန်) ရေးသားသည့် “ဂုဏ်အင်မဟာစုံလင်စွာ
ကဗျာများ”၊ ဒုတိယဆုကို ရွှေမင်းသား (စစ်ကိုင်း) ရေးသားသည့် “မွှေးမြစုံလင်-စာရင်ပြင်နှင့်
အခြားကဗျာ များ”၊ တတိယဆုကို ကိုရွှေတောသား (ဆင်ကူး) ရေးသားသည့် “လှပရွှေပြည်ကဗျာများ”
စာမူတို့ကလည်းကောင်း၊ သုတေသနစာပေဆုတွင် ပထမဆုကို ကြည်ထွန်း (လူမှု) ရေးသားသည့် “သားစဉ်မြေးဆက်
ထမ်းရွက်ရမည့် သက်ကြီးပုဂ္ဂိုလ်စောင့်ရှောက်မှုအစဉ်အလာ”၊ ဒုတိယဆုကို လွင်မြန်မာ(မန်းတက္ကသိုလ်)
ရေးသားသည့် “ဧချင်း ကဗျာ အညွှန်း”၊ တတိယဆုကို စောပုလဲမယ် ရေးသားသည့် “သိင်္ဂုတ္တရကုန်းတော်ပေါ်ရှိ
အုတ်တိုက်စေတီများ” စာမူတို့ကလည်းကောင်း အသီးသီး ရရှိကြသည်။
ပခုက္ကူဦးအုံးဖေစာကြည့်တိုက်စာအုပ်ဆုကို
မောင်မိုးရေးသားသည့် “သမုဒ္ဒရာအသီးသီး ပင်လယ်အသွယ်သွယ်တို့နှင့် ဆက်စပ်ဖြစ်ပေါ်လျက်ရှိသည့်
ပထဝီနိုင်ငံရေးနှင့် စစ်ရေးဆိုင်ရာ ဆောင်းပါးများ”စာအုပ်နှင့် မြကြာငုံရေးသားသည့် “နှလုံးသားထဲက
မြရတနာ” စာအုပ်တို့က ရရှိကြသည်။
ပခုက္ကူဦးအုံးဖေတည်ထောင်သော ပခုက္ကူပညာသင်ဆုကို အမျိုးသားယဉ်ကျေးမှုနှင့်
အနုပညာတက္ကသိုလ် (ရန်ကုန်) မှ မမေရီဖြူစင် (ပထမနှစ်-ဂီတပညာဌာန) နှင့် အမျိုးသားယဉ်ကျေးမှုနှင့်
အနုပညာတက္ကသိုလ် (မန္တလေး) မှ မောင်တင်လင်းနိုင် (ပထမနှစ်-ပန်းချီ ပညာဌာန) တို့က ရရှိကြသည်။
ပခုက္ကူဦးအုံးဖေတစ်သက်တာဆုကို
၁၅ သိန်း ချီးမြှင့်မည်ဖြစ်ပြီး ပခုက္ကူဦးအုံးဖေစာမူဆု ပထမဆုကို ၁၀ သိန်း၊ ဒုတိယဆုကို
၇ သိန်း၊ တတိယဆုကို ၅ သိန်း ချီးမြှင့်သွားမည်ဖြစ်ကြောင်း ပခုက္ကူစာပေဆု ရရှိသူများသည်
စာတည်းမှူးချုပ်၊ စာပေဗိမာန် အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ စီမံရေးရာဌာန
၀၁၈-၃၈၁၄၄၉၊ ၀၉-၄၀၂၈၂၂၄၉၄ သို့ ဆက်သွယ်ကြရန်နှင့် ပခုက္ကူဦးအုံးဖေ တည်ထောင် သော ပခုက္ကူစာပေဆုချီးမြှင့်ပွဲအခမ်းအနား
ကျင်းပမည့် အချိန်၊ နေရာ၊ နေ့ရက်တို့ကို ထပ်မံကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment