Thursday, August 27, 2026

ဖလမ်းမြို့နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

 


ဖလမ်း ဩဂုတ် ၂၆

ဖလမ်းမြို့နယ်အတွင်း ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများအဖြစ် ကျန်းမာရေးဝန်ကြီးဌာန ဆေးရုံဝင်းအတွင်း သူနာပြုအိမ်ရာများ၊ အမှတ် (၁) မူလတန်းလွန်ကျောင်း ကျောင်းဆောင်၊ အိုးအိမ်ဝန်ထမ်းအိမ်ရာ လေးခန်းတွဲ နှစ်ထပ်ပြုပြင်ခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်နေမှုများကို ယနေ့တွင် နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် ကျော်စွာဦးသည် ချင်းပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီဝင်များ၊ ဖလမ်းမြို့ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းကော်မတီဝင်များနှင့်အတူ ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းနှင့်အညီ ပြီးစီးရေးမှာကြားသည်။

ထို့အတူ တီးတိန်မြို့ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌသည် မြို့နယ်သမဝါယမဦးစီးဌာန နှစ်ခန်းတွဲ ဝန်ထမ်းအိမ်ရာအဆောက်အအုံ အလုံးစုံပြုပြင်ပြီးစီးမှု၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း စတိုဆောင်ပြုပြင်မှုနှင့် ကျောင်းသား အိပ်ဆောင်အဆောက်အအုံ အလုံးစုံပြုပြင်ပြီးစီးမှု၊ မြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး နှစ်ခန်းတွဲဝန်ထမ်းအိမ်ရာနှင့် လေးခန်းတွဲအဆောက်အအုံ ပြုပြင်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။

အလားတူ တွန်းဇံမြို့ပြန်လည် ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူးသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးအသစ်ပြုပြင်ခြင်း၊ နံကပ်နှစ်ခန်းတွဲ ဝန်ထမ်းအိမ်ရာပြုပြင်ခြင်းနှင့် လျှပ်စစ်ဝန်ထမ်းအိမ်ရာ လေးခန်းတွဲပြုပြင်ခြင်း၊ မြို့နယ်လျှပ်စစ်၊ မီးစက်အဆောင်အမှတ် (၁) ပြုပြင်ခြင်း၊ လမ်းဦးစီးဧည့်ရိပ်သာ ပြုပြင်ခြင်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။

ယမန်နေ့ကလည်း မြို့နယ်သာသနာရေးရုံး အဆောက်အအုံပြုပြင်နေမှု၊ ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်ကလေးကျန်းမာရေးဌာန အဆောက်အအုံပြုပြင်နေမှု၊ အိုးအိမ်ဝန်ထမ်းအိမ်ရာ နှစ်ခန်းတွဲပြုပြင်နေမှု၊ မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာန ရုံးအဆောက်အအုံ ပြင်ဆင်နေမှုများနှင့် မိုးလေဝသဆိုင်ရာ တိုင်းတာသည့်ကိရိယာများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment