နေပြည်တော် ဩဂုတ် ၁၇
ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ် အတွင်း ပြီးခဲ့သည့် ဇူလိုင် ၃၀ ရက် ညပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုနှင့် မြစ်ရေတိုက်စားမှုများကြောင့် ငဝန်မြစ်ရေကာတာ၏အောက်ခံ မြစ်ကျိုးအင်းသဲကြောမှ ထူးပေါက်၍ ရေဖြတ်သန်းစီးဆင်းမှု စတင်ဖြစ်ပွားခဲ့သည်။ အဆိုပါရေဝင်ရောက်မှုကြောင့် ယနေ့အထိ လေးမျက်နှာမြို့ပေါ် ရပ်ကွက်ငါးခုနှင့် ကျေးရွာအချို့အပြင် ဟင်္သာတ၊ ရေကြည်၊ ငသိုင်းချောင်း၊ ကျုံပျော်နှင့် ကျောင်းကုန်းမြို့နယ်တို့ရှိ ရပ်ကွက် ၁၀ ခုနှင့် ကျေးရွာအချို့တို့တွင် ရေကြီးရေလျှံမှုများ ဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
အဆိုပါရေဘေးသင့်ပြည်သူများအတွက်
နိုင်ငံတော်အစိုးရ၏ လမ်းညွှန်မှုနှင့်အတူ ရေဘေးကယ်ဆယ်ရေးစခန်းများဖွင့်လှစ်ထားရှိပြီး
အရေးပေါ်ကူညီကယ်ဆယ်နိုင်ရေးအတွက် အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ
နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊
လူမှုကူညီရေးအဖွဲ့များ၊ ပရဟိတအသင်းအဖွဲ့များနှင့် ဒေသခံတိုင်းရင်းသားများ ပူးပေါင်း၍
ရှာဖွေကူညီကယ်ဆယ်ပေးခြင်း၊ စားနပ်ရိက္ခာစားသောက်ဖွယ်ရာများ လိုက်လံပို့ဆောင်ပေးခြင်းနှင့်
အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ
ဆောင်ရွက်ပေးလျက်ရှိသည်။
ထို့ပြင်
ငဝန်ပန်းတာရေဝင်ရောက်မှုကို ထိန်းချုပ်ကာကွယ်နိုင်ရန်အတွက် နည်းပညာသုံးအင်ဂျင်နီယာဆိုင်ရာ
တားဆီးမှုများဖြစ်သည့် Geobags
သဲအိတ်ကြီးများချခြင်း၊ မျောထုတ်တန်းများအတွင်း သဲအိတ်များဖြည့်၍
ကာကွယ်ခြင်းနှင့် Steel Sheet Pile (သံမဏိတိုင်များ)
ရိုက်သွင်းခြင်း စသည့်ငဝန်ပန်းတာတမံနိမ့်ကျနေရာများ ပြန်လည်ခိုင်မာရေးလုပ်ငန်းများကို
စက်ယန္တရားများနှင့် လုပ်အားစုများအသုံးပြု၍ အရှိန်အဟုန်မြှင့်ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
အဆိုပါကူညီကယ်ဆယ်ရေးနှင့်
ရေဝင်ရောက်မှု တားဆီးကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ
တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သွားရောက်ကြည့်ရှုပြီး
လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်
%20photos-3.jpg)
No comments:
Post a Comment