Tuesday, August 4, 2026

အင်အားပြင်း မန္တလေးငလျင်ကြီးဒဏ်ခံခဲ့ရသည့်နယ်မြေဒေသများ ပြန်လည်ထူထောင်ရေး ရန်ပုံငွေကြီးကြပ်မှုဗဟိုကော်မတီ (၂/၂၀၂၆) အစည်းအဝေး ကျင်းပ

 


နေပြည်တော် ဩဂုတ် ၃

ချေးငွေအစီအစဉ်တွင်ခွင့်ပြုထားသည့် ဘဏ် ၁၀ ဘဏ်နှင့် Finance Company နှစ်ခုအနက် ယနေ့အစည်းအဝေးတွင် ဘဏ်ခြောက်ဘဏ်နှင့် Finance Company တစ်ခုတို့မှ တင်ပြလာသည့်ချေးငွေအမှုတွဲ ၁၁ ခုကိုတင်ပြခဲ့ရာ နိုင်ငံ့ဝန်ထမ်းသုံးဦးနှင့် လုပ်ငန်းခုနစ်ခု အပါအဝင် စုစုပေါင်း ချေးငွေ ၁၀ ခု အတွက် ချေးငွေပမာဏ ငွေကျပ် ၆ ဒသမ ၈၆ ဘီလီယံကို ဗဟိုကော်မတီအဖွဲ့ဝင်များက စိစစ်အတည်ပြုခဲ့ကြောင်း အင်အားပြင်း မန္တလေးငလျင်ကြီးဒဏ်ခံခဲ့ရသည့် နယ်မြေဒေသများ ပြန်လည်ထူထောင်ရေး ရန်ပုံငွေကြီးကြပ်မှု ဗဟိုကော်မတီ (၂/၂၀၂၆) အစည်းအဝေးမှသိရသည်။

 အစည်းဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် နေပြည်တော်ဇမ္ဗူသီရိခန်းမ၌ကျင်းပရာ ရန်ပုံငွေကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါက်တာ ခင်နိုင်ဦးက အင်အားပြင်း မန္တလေးငလျင်ကြီးကြောင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်အပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်ခြောက်ခုမှ နိုင်ငံ့ဝန်ထမ်းများအပါအဝင် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရပါကြောင်း၊ ပြည်သူများ၊ စီးပွားရေးလုပ်ငန်းများ ပြန်လည်တည်ဆောက်ရေးအတွက် နိုင်ငံတော်ကထည့်ဝင်ပံ့ပိုးသောရန်ပုံငွေဖြင့် ချေးငွေအစီအစဉ်များ ပံ့ပိုးနိုင်ရန်အတွက် ယခု ရန်ပုံငွေကြီးကြပ်မှုဗဟိုကော်မတီကို ဖွဲ့စည်းတာဝန်ပေးထားခြင်းဖြစ်ပါကြောင်း၊ ဗဟိုကော်မတီအနေဖြင့် လုပ်ငန်းအဖွဲ့က စိစစ်တင်ပြလာသောချေးငွေများကို ချေးငွေဆိုင်ရာ စံပြုလုပ်ငန်းစဉ် SOP ပါ စံသတ်မှတ်ချက်များနှင့်အညီစိစစ်၍ ဆုံးဖြတ်ပေးကြရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရ၏ ဦးစားပေးဆောင်ရွက်ရမည့် စီမံကိန်းများဖြစ်သည့်အတွက် အောင်မြင်မှုရရှိအောင် ဆောင်ရွက်နိုင်ရန် လိုအပ်ပါကြောင်း ပြောကြားသည်။

အစည်းဝေးသို့ ရန်ပုံငွေကြီးကြပ်မှုဗဟိုကော်မတီ အဖွဲ့ဝင်များဖြစ်သည့် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးများ၊ အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး၊ ဒုတိယစာရင်းစစ်ချုပ်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့်စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်တို့မှ တာဝန်ရှိသူများနှင့် အထောက်အကူပြုလုပ်ငန်းအဖွဲ့ဝင်များ တက်ရောက်ကြကြောင်း သိရသည်။

သတင်းစဉ်


No comments:

Post a Comment