နေပြည်တော် ဩဂုတ် ၂၈
တရားလွှတ်တော်ရှေ့နေ အသိအမှတ်ပြုလက်မှတ်ပေးအပ်သည့် အခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် ဇေယျာသီရိခရိုင် တရားရုံး၊ ရုံးခန်းအမှတ် (၂) ၌ ကျင်းပရာ အခမ်းအနားသို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးသောင်းနိုင်၊ ဒေါက်တာကိုကိုနိုင်နှင့် ဒေါ်စိုးခက်ခက်၊ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးသောင်းနိုင်က အမှာစကားပြောကြားပြီး တက်ရောက်လာသည့် အထက်တန်းရှေ့နေ ၁၂၀ ကို တရားလွှတ်တော်ရှေ့နေ အသိအမှတ်ပြုလက်မှတ်များပေးအပ်ကာ တရားလွှတ်တော်ရှေ့နေ အသိအမှတ်ပြု လက်မှတ်ရရှိသူများက ကတိသစ္စာပြုကြသည်။ လက်မှတ်လက်ခံရယူမည့်သူ များအား ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံးက “ရှေ့နေရှေ့ရပ်များအတွက် AML/CFT /CPF သင်တန်း” ပို့ချဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment