နေပြည်တော် ဩဂုတ် ၂၂
ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ အလက်ဇန္ဒား လူကာရှန်ကို၏ ဖိတ်ကြားချက်အရ ဘယ်လာရုစ်သမ္မတနိုင်ငံ၊ မင့်စ်မြို့တွင် တရားဝင်ခရီးစဉ်ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ ဒေသစံတော်ချိန် နံနက် ၈ နာရီ မိနစ် ၂၀ တွင် ဘယ်လာရုစ်နိုင်ငံ၊ မင့်စ်မြို့အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ပြန်လည်ထွက်ခွာကြသည်။
နိုင်ငံတော်သမ္မတ
ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အား ဘယ်လာရုစ်နိုင်ငံ
ဒုတိယဝန်ကြီးချုပ် H.E.
Mr. Viktor Karankievch ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E.
Mr. Sergey Lukashevich နှင့် ဘယ်လာရုစ်နိုင်ငံအစိုးရအဖွဲ့မှ
တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ ဘယ်လာရုစ်နိုင်ငံသံအမတ်ကြီး၊
ဘယ်လာရုစ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမောင်မောင်စိုးနှင့် တာဝန်ရှိသူများက
လေဆိပ်တွင် ရင်းနှီးနွေးထွေးစွာ ပို့ဆောင်နှုတ်ဆက်ကြသည်။
ထိုသို့
ပို့ဆောင်နှုတ်ဆက်ရာတွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား
ဘယ်လာရုစ်သမ္မတနိုင်ငံ နိုင်ငံတော်ဂုဏ်ပြုတပ်ဖွဲ့က ကော်ဇော်နီလျှောက်လမ်း၏
တစ်ဖက်တစ်ချက်တွင် နေရာယူ၍ အလေးပြုကြသည်။
ထို့နောက်
နိုင်ငံတော်သမ္မတ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည်
ဒေသစံတော်ချိန် ညနေ ၆ နာရီ မိနစ် ၂၀ တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊
တူဗားပြည်နယ်၊ ကီဇီးလ်မြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိရာ တူဗားပြည်နယ်အကြီးအကဲ
မစ္စတာ
ဗလာဒီစလပ်ခိုဗာလစ်ဂ်နှင့် ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊
ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးမျိုးမိုးအောင်နှင့် တာဝန်ရှိသူများက ရင်းနှီးနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ကြသည်။
ထိုသို့
ကြိုဆိုနှုတ်ဆက်စဉ် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များအား အမျိုးသမီးငယ်နှစ်ဦးက
တူဗားပြည်နယ်၏ ယဉ်ကျေးမှုတစ်ခုဖြစ်သော တူဗားပြည်နယ်သို့ လာရောက်သည့်
ဧည့်သည်တော်များကို နက်ရှိုင်းသောလေးစားမှုနှင့် ဂုဏ်ပြုမှုကိုဖော်ပြသည့်
အထိမ်းအမှတ်ပုဝါများကို ခြုံလွှမ်းပေးပြီး လှိုက်လှဲနွေးထွေးစွာ
ကြိုဆိုနှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။






No comments:
Post a Comment