ရန်ကုန် ဩဂုတ် ၅
(၃၉) ကြိမ်မြောက် ထိုင်းဘုရင့်ဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲ လေးယောက်တွဲနှင့် နှစ်ယောက် တွဲပြိုင်ပွဲ အုပ်စုဒုတိယနေ့ကို သြဂုတ် ၅ ရက်က စတင်ကျင်းပရာ မြန်မာအသင်းများ ရလဒ်ကောင်း ရယူနိုင်ခဲ့သည်။
အမျိုးသား လေးယောက်တွဲ
ပြိုင်ပွဲ အုပ်စုပွဲတွင် မြန်မာအသင်း က တောင်ကိုရီးယားအသင်းကို ၁၅ - ၈ မှတ်၊ ၁၅ - ၇ မှတ်ဖြင့် နှစ်ပွဲပြတ်၊ မလေးရှားအသင်းကို
၁၇ - ၁၆ မှတ်၊ ၁၅ - ၈ မှတ်ဖြင့် နှစ်ပွဲပြတ်ဖြင့် အနိုင်ရရှိပြီး
အမျိုးသမီးလေးယောက်တွဲပြိုင်ပွဲ အုပ်စုပွဲတွင် မြန်မာအသင်းက အိန္ဒိယ အသင်းကို ၁၅-၄
မှတ်၊ ၁၅-၈ မှတ်ဖြင့် နှစ်ပွဲပြတ်အနိုင်ရရှိသည်။ အမျိုးသမီးနှစ်ယောက်တွဲပြိုင်ပွဲ အုပ်စုပွဲတွင်
မြန်မာအသင်းက အိန္ဒိယအသင်းကို ၁၅-၈ မှတ်၊ ၁၅-၁၀ မှတ်ဖြင့် နှစ်ပွဲပြတ် အနိုင်ရရှိသည်။
ပြိုင်ပွဲအုပ်စုခွဲဝေထားမှုအရ
နှစ်ယောက်တွဲ အမျိုးသမီးပွဲစဉ်တွင် မြန်မာအသင်းသည် အုပ်စု (B) ၌ ပါကစ္စတန်၊ အိန္ဒိယ၊
လေးယောက်တွဲ အမျိုးသားပွဲစဉ်တွင် မြန်မာအသင်းသည် ဘင်္ဂလားဒေ့ရှ်၊ ဖိလစ်ပိုင်၊ တောင်ကိုရီးယား၊
မလေးရှားအသင်းတို့နှင့် အုပ်စု (C) ၊ လေးယောက်တွဲ အမျိုးသမီးပွဲစဉ်တွင် မြန်မာအသင်းသည်
တောင်ကိုရီးယား၊ ဖိလစ်ပိုင်၊ အိန္ဒိယအသင်းတို့နှင့် အုပ်စု (B) တို့တွင် ကျရောက်နေသည်။
အုပ်စုတတိယနေ့ကို
သြဂုတ် ၆ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး မြန်မာပိုက်ကျော်ခြင်းအသင်းများသည် လေးယောက်တွဲအမျိုးသားပွဲစဉ်၊
အမျိုးသမီးပွဲစဉ်၊ နှစ်ယောက်တွဲ အမျိုးသမီးပွဲစဉ် အုပ်စုလက်ကျန်ပွဲများ ဆက်လက်ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
သတင်း-ချစ်ကိုကို
ဓာတ်ပုံ-TSF

No comments:
Post a Comment