ရန်ကုန် သြဂုတ် ၁၄
ဧရာဝတီတိုင်းဒေသကြီး ရေဘေးကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့မှ အလှူငွေပေးအပ်လှူဒါန်းပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ပုသိမ်မြို့ အားကစားရေးရာဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားပြိုင်ပွဲရုံ(၂)၌ ကျင်းပသည်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို) ဥက္ကဋ္ဌဦးဝဏ္ဏ ဦးဆောင်သောအဖွဲ့သည် ဧရာဝတီတိုင်းဒေသကြီး ရေဘေးကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် အလှူငွေကျပ်သိန်းတစ်ရာအား ပေးအပ်လှူဒါန်းရာ ဧရာဝတီတိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုးညွန့်နှင့်တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment