နေပြည်တော် ဩဂုတ် ၂၇
လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ မဟာဓာတ်အားလိုင်းမှူးရုံး (ရေကြည်) မှ တာဝန်ယူထိန်းသိမ်းသည့် ၆၆ ကေဗွီ ပုသိမ်ငရုတ်ကောင်းတောင်-(ကံကုန်း)ဓာတ်အားလိုင်းသည် ဩဂုတ် ၂၆ ရက် ညနေ ၅ နာရီ ၄၈မိနစ်တွင် ဓာတ်အားလိုင်းအပြစ်ဖြစ်ပေါ်ခဲ့သည်။
အဆိုပါဓာတ်အားလိုင်းပြတ်တောက်မှုကြောင့်
ငရုတ်ကောင်းမြို့နှင့် ဟိုင်းကြီးကျွန်းမြို့တို့တွင် ယာယီဓာတ်အားပြတ်တောက်လျက်ရှိကြောင်းနှင့်
ဓာတ်အားလိုင်းအပြစ်ဖြစ်ပေါ်မှုအား မဟာဓာတ်အားလိုင်းမှူးရုံး (ရေကြည်) မှ
ဝန်ထမ်းများက ဓာတ်အားလိုင်းစစ်ဆေးပြုပြင်ခြင်း
လုပ်ငန်းများဆောင်ရွက်လျက်ရှိပါကြောင်း၊ ဒေသအတွင်းရှိ ပြည်သူလူထုမှလည်း အဆိုပါဓာတ်အားလိုင်းနှင့်
ပတ်သက်၍ ထူးခြားမှုတစ်စုံတစ်ရာသိရှိပါက နီးစပ်ရာလျှပ်စစ်ရုံးများသို့
ဆက်သွယ်အကြောင်းကြားနိုင်ပါကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။
သတင်းစဉ်
No comments:
Post a Comment