နေပြည်တော် ဩဂုတ် ၂၇
ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး၏ (၁၉) ကြိမ်မြောက်တပ်ဖွဲ့တွင်း အဆို၊ အက၊ အရေး၊ အတီး၊ အငြိမ့်၊ ပြဇာတ်နှင့် မျက်လှည့်ပြိုင်ပွဲ ဒုတိယနေ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်စစ်ကြောရေးနှင့် တည်းခိုရေးစခန်းရှိ ဆင်ဖြူရှင်ခန်းမ၌ ဆက်လက်ကျင်းပသည်။
ဦးစွာ ကာလပေါ်တေးအဆိုပြိုင်ပွဲ (အမျိုးသား) ကို ပြိုင်ပွဲဝင်
၁၅ ဦးက စာဆိုစစ်သည်တေးသီချင်းဖြင့်လည်းကောင်း၊ ကာလပေါ်တေးအဆိုပြိုင်ပွဲ (အမျိုးသမီး)
ကို ပြိုင်ပွဲဝင် ၂၂ ဦးက တောင်တန်းပြာနဲ့ စစ်စခန်းတေးသီချင်းဖြင့်လည်းကောင်း သီဆိုယှဉ်ပြိုင်ကြသည်။
မွန်းလွဲပိုင်းတွင် ခေတ်ပေါ်တေးအဆိုပြိုင်ပွဲ
(အမျိုးသား) ကို ပြိုင်ပွဲဝင် ၁၅ ဦးက သူရဲကောင်းအဓိပ္ပာယ်များ သီချင်းဖြင့်လည်းကောင်း၊
ခေတ်ပေါ်တေးအဆိုပြိုင်ပွဲ (အမျိုးသမီး) ကို ပြိုင်ပွဲဝင် ၂၂ ဦးက ရူးရူးမိုက်မိုက်အချစ်
သီချင်းဖြင့်လည်းကောင်း သီဆိုယှဉ်ပြိုင်ကြသည်။
ညပိုင်းတွင် နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲများက အငြိမ့်နှင့်
ပြဇာတ်များကို ပါဝင်ကပြယှဉ်ပြိုင်ခဲ့ကြသည်။ အဆိုပါပြိုင်ပွဲသို့
ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံးမှ
တာဝန်ရှိသူများ၊ အကဲဖြတ်ဒိုင်အဖွဲ့ အနုပညာရှင်ကြီးများ၊ ဖိတ်ကြားထားသည့်
ဧည့်သည်တော်များနှင့် ပြိုင်ပွဲဝင်စစ်သည်၊ စစ်သမီးများ၊ တပ်နယ်မှ အရာရှိ၊ စစ်သည်၊
မိသားစုဝင်များ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:
Post a Comment