ရန်ကုန် ဩဂုတ် ၁၄
နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့တွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)၌ ကျင်းပခဲ့ပြီး ရတနာတန်းဝင်သစ်မျိုးပေါင်း ၁၀၀၀ စုစုပေါင်းအပင် ၂၅၀၀ စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးတင်မောင်ဝင်းက အမှာစကားပြောကြားပြီး ပျိုးပင်များကို ပါမောက္ခချုပ်နှင့် သင်တန်းသားကိုယ်စားလှယ်များထံ ပေးအပ်၍ သတ်မှတ်နေရာ၌ ရတနာတန်းဝင် ပျဉ်းကတိုးပင်ကို စိုက်ပျိုးပေးခဲ့ပြီး အရာထမ်း၊ အမှုထမ်းများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် သင်တန်းသား သင်တန်းသူများ၏ သစ်ပင်စိုက်ပျိုးနေမှုကို ကြည့်ရှုအားပေးသည်။
ထို့ပြင် တက္ကသိုလ်၌ မွေးမြူထားသော အသားတိုးဝက်၊
အသားစားကြက်၊ ဥစားကြက် မွေးမြူရေးလုပ်ငန်းနှင့် ရာသီသီးနှံစိုက်ခင်းများကို ကြည့်ရှုအားပေးခဲ့ကြောင်း
သိရသည်။
သတင်းစဉ်

No comments:
Post a Comment