မော်လမြိုင် သြဂုတ် ၂၆
မွန်ပြည်နယ် ၂၀၂၆ ခုနှစ် မိုးရာသီ ဒီရေတောသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းက ပေါင်မြို့နယ် အလှပ်ကျေးရွာအုပ်စု ဆယ်အိမ်စုရပ် ပင်လယ်ကမ်းခြေတွင် ကျင်းပရာ ကျောင်းသား ကျောင်းသူများနှင့် ဒေသခံပြည်သူများက ဗြူးရွှေဝါ၊ သမက်၊ ပင်လယ်ကဗွီး၊ မာလာလူးကာအစရှိသည့် ဒီရေတောသစ်ပင် ၁၅၀၀ ကို စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။
ဒီရေတောသစ်ပင်စိုက်ပျိုးပွဲတွင်
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းက အမှာစကားပြောကြားပြီး ပြည်နယ်ဝန်ကြီးများ၊
တာဝန်ရှိသူများက ဒီရေတောသစ်ပင်များ စိုက်ပျိုးနေမှုနှင့် စိုက်ပျိုးထားရှိသော ဒီရေတောစိုက်ခင်းဧကများ
ဖြစ်ထွန်းနေမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။
ဆက်လက်၍ မုတ္တမမြို့
ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး သံလွင်သင်္ဘောကျင်း လုပ်ငန်းဆောင်ရွက်နေမှုကို
ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းခွင်အတွင်း လိုအပ်လျက်ရှိသော ကျွမ်းကျင်လုပ်သားများ မွေးထုတ်နိုင်ရေးအတွက်
ဒေသတွင်း စက်မှုလက်မှုအတတ်သင် ကျောင်းများ၊ နည်းပညာတက္ကသိုလ်များ၊ ကောလိပ်များနှင့်
ချိတ်ဆက်ဆောင်ရွက်ကာ လူငယ်များအား သင်္ဘောကျင်းတွင် လက်တွေ့ကွင်းဆင်းလေ့လာသင်ယူခွင့်များ
စီစဉ်ပေးရန်နှင့် လုပ်ငန်းကျွမ်းကျင်၍ စိတ်ပါဝင်စားသော လူငယ်များကို အမြဲတမ်းဝန်ထမ်းများအဖြစ်
ရွေးချယ်ခန့်ထားနိုင်ရေး ဆောင်ရွက်ရန်မှာကြားခဲ့သည်။
ပြည်နယ် (ပြန်/ဆက်)

No comments:
Post a Comment