Saturday, August 29, 2026

ဥပဒေရေးရာဝန်ကြီးဌာန၏ ငါးနှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပ


နေပြည်တော် ဩဂုတ် ၂၈

ဥပဒေရေးရာဝန်ကြီးဌာန၏ ငါးနှစ်ပြည့် နှစ်ပတ်လည်နေ့အခမ်းအနားကို ယနေ့တွင် နေပြည်တော်ရှိ ဥပဒေရေးရာဝန်ကြီးဌာန၌ ကျင်းပသည်။

အခမ်းအနားတွင် ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်‌ ဒေါက်တာသီတာဦးက နှစ်ပတ်လည်နေ့အခမ်းအနားကို နေပြည်တော်ရှိ ဝန်ကြီးဌာနနှင့်အတူ တိုင်းဒေသ ကြီး/ ပြည်နယ်ဥပဒေချုပ်ရုံးများတွင်လည်း တစ်ပြိုင်တည်း ကျင်းပပြုလုပ်ကြမည် ဖြစ်ကြောင်း၊ စည်းကမ်းရှိရှိ တာဝန်သိသိဖြင့် ဝန်ကြီးဌာန၏ ဆောင်ပုဒ်နှင့်အညီ ပြောဆိုကျင့်ကြံနေထိုင် ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။

အဆိုပါအခမ်းအနားတွင် ဥပဒေရေးရာဝန်ကြီးဌာန နေပြည်တော်တွင် တာဝန်ထမ်းဆောင်နေကြသည့် အရာထမ်း၊ အမှုထမ်း ၅၅၀ အတွက် ကြက်ဥများ ထောက်ပံ့ပေးအပ်ပြီး ဦးစီးဌာနများအလိုက် ဗလာမပါ ကံစမ်းမဲများ၊ အထူးမဲများဖြင့် လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်


No comments:

Post a Comment