နေပြည်တော် ဩဂုတ် ၁၈
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးသည် ဝိုင်းမော်မြို့နယ်အခြေစိုက် လော်ဝေါ်စာပေနှင့် ရိုးရာယဉ်ကျေးမှုအသင်းနာယက ဦးဘီထောဇောင်းဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ အမျိုးသားလွှတ်တော်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် လော်ဝေါ်စာပေနှင့် ရိုးရာယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေးအတွက် ထိန်းသိမ်းထားရှိမှုအခြေအနေ၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုင်းရင်းသားရေးရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့်အတူ အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ Jeng Phang နော်တောင်၊ ပြည်ထောင်စုအတိုင်ပင်ခံကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူ၊ လော်ဝေါ်စာပေနှင့် ရိုးရာယဉ်ကျေးမှုအသင်းမှဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ၊ အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment