နေပြည်တော် ဩဂုတ် ၂၇
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်ရုံးက အပတ်စဉ်စနေနေ့တိုင်း ရွှေသွေးဂျာနယ်ကို ထုတ်ဝေဖြန့်ချိလျက်ရှိသည်။
၂၉ - ၈ - ၂၀၂၆ ရက် (စနေနေ့) တွင် ထွက်ရှိမည့်
ရွှေသွေးဂျာနယ် အတွဲ (၅၈)၊ အမှတ် (၃၅) တွင် ခရီးသွားများ အရိပ်ရအောင် သစ်ပင်စိုက်၍
ကုသိုလ်ပြုသော ဗိုက်ပူအကြောင်းကို သရုပ်ဖော်ထားသည့် “သာဓုခေါ်စေသော်” မျက်နှာဖုံးကာတွန်း၊
ကလေးတို့အနေဖြင့် ရေဒါကိရိယာနှင့် ပတ်သက်၍ ဗဟုသုတရစေရန် ရေးသားထားသည့်
“ရေဒါနည်းပညာ” သုတဆောင်းပါး ကဏ္ဍ၊စာပေ၊ ဂီတ၊ သဘင်၊ ရုပ်ရှင် စသည့်
ယဉ်ကျေးမှုအမွေအနှစ်များကို အများပြည်သူများ ကြည့်ရှုလေ့လာနိုင်စေရန် ရည်ရွယ်၍
ဖွင့်လှစ်ပြသထားသည့် စာဆိုဗိမာန်သို့ လာရောက်လေ့လာနိုင်ရန် ဖိတ်ခေါ်ထားသည့်
ကြော်ငြာကဏ္ဍ၊ပျော်စရာနေရာကို ရှာဖွေရင်း နောက်ဆုံးတွင် နောင်တရကာ မိသားစုဆီသို့
ပြန်သွားသည့် ကြက်ဖကြီးအကြောင်းကို သရုပ်ဖော်ထားသည့် “နောင်တ” နှစ်မျက်နှာ
ကာတွန်း၊ ကားဆရာ ဦးမြမောင်သည် သူတစ်ပါးပစ္စည်းကို ကောက်ရသော်လည်း ပိုင်ရှင်ထံပြန်လည်အပ်နှံလိုက်သည့်အတွက်
ဝမ်းသာပီတိဖြစ်သွားသည့် အကြောင်းကို ရေးသားထားသည့် “သတင်းကောင်းတစ်ရပ်” ဝတ္ထုကဏ္ဍ၊
သရက်သီးခိုးခူးမိသည့် ညီပုနှင့် သူငယ်ချင်းနီကြောင်တို့သည် ပိုင်ရှင်သိသွားသောအခါ
ပြေးခဲ့ရသည်ကို သရုပ်ဖော်ထားသည့် “ညီပု” တစ်မျက်နှာကာတွန်း၊ မင်းသားအယောင်ဆောင်ထားသည့်
မင်းသမီးလေးအန်နာ၏ ကြင်ရာလောင်းရွေးပွဲအကြောင်းကို ရေးသားထားသည့်“မင်းသမီးလေး၏
ထူးဆန်းသော ကြင်ရာလောင်းရွေးပွဲ” ပုံပြင်ကဏ္ဍ၊ မမပန်ကြိုက်သည့် ဟင်းလျာများကို
စေတနာနှင့် ဝယ်ပေးလိုက်မိသည့် မြဂျိုး၏ အမှားများ အကြောင်းကို သရုပ်ဖော်ထားသည့်
“အလွဲလေးများ” နှစ်မျက်နှာကာတွန်း၊ အင်္ဂလိပ်စာအနေနှင့် Phrasal Verb များအကြောင်းကို
ဥပမာများနှင့်တကွ လေ့လာနိုင်မည့် “အခြေခံလိုအပ်သည့် အီဒီယမ်” အင်္ဂလိပ်စာကဏ္ဍ၊
မေမေက စောစောထကာ ထမင်းချက်ပုံ၊ ဖေဖေက လယ်ထဲဆင်းပုံ၊ ကိုကိုက စာထကျက်နေပုံ၊ မမလေးက
ဆွမ်းတော်ကပ်ရန် ပြင်ဆင်ပုံနှင့် အငယ်ဆုံးသားလေးမို့ အားလုံးက ဝိုင်းချစ်ကြပုံအကြောင်းကို
ရေးဖွဲ့ထားသည့် “အချစ်တော်” ကဗျာကဏ္ဍအပါအဝင် ကဏ္ဍစုံလင်စွာ ထွက်ရှိပြီဖြစ်ရာ
တစ်စောင်လျှင် ငွေကျပ် ၄၀၀ ဖြင့် စာပေဗိမာန် စာအုပ်အရောင်းဆိုင်များတွင် ဝယ်ယူရရှိနိုင်ပါသည်။
သတင်းစဉ်

No comments:
Post a Comment