နေပြည်တော် ဩဂုတ် ၂၇
(၁၂၃) ကြိမ်မြောက် တောင်သူနည်းပညာ ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် အွန်လိုင်းစနစ်ဖြင့် ကျင်းပရာ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် တွဲဖက်ပါမောက္ခ ဒေါက်တာ ချောစုစုထွေးက “တစ်နိုင်တစ်ပိုင် ဟင်းသီးဟင်းရွက်မျိုးစေ့ထုတ်လုပ်ခြင်းဆိုင်ရာ နည်းလမ်းများ” ခေါင်းစဉ်ဖြင့်တင်ပြပြီး ဆွေးနွေးပွဲတက်ရောက်လာသူများ၏ မေးမြန်းချက်များအပေါ် ရှင်းလင်းဖြေကြားသည်။
ဆွေးနွေးပြောကြား
ဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီး ဒေါက်တာ ရဲတင့်ထွန်းက လယ်ယာကုန်ထုတ်လုပ်မှုကဏ္ဍ
တစ်ခုလုံး၌ မျိုးကောင်းမျိုးသန့်သုံးစွဲမှု လွှမ်းခြုံနိုင်စေရန်နှင့်
တောင်သူများအတွက် မျိုးစေ့စရိတ်လျှော့ချနိုင်စေရန် မြို့နယ်/ ကျေးရွာအလိုက် မျိုးစေ့ထုတ်လုပ်ငန်းများကို
တစ်ပိုင်တစ်နိုင်ပေါင်းစပ်ဆောင်ရွက်ရန်၊ သန့်ရှင်းလတ်ဆတ်သော ဟင်းသီးဟင်းရွက်သစ်သီးဝလံများ
စားသုံးခြင်းဖြင့် ကိုယ်ခံအား ကောင်းမွန်ကာ ကျန်းမာရွှင်လန်းသော လူ့အသိုင်းအဝိုင်းဖြစ်စေရေး
အိမ်ခြံဝင်းသီးနှံစိုက်ပျိုးရေး အသိပေးတိုက်တွန်းဆောင်ရွက်သွားရန် လိုအပ်ချက်များကို
ဆွေးနွေးပြောကြားသည်။
ဆွေးနွေးပွဲသို့ စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊
မွေးမြူရေးသုတေသနဦးစီးဌာနတို့မှ ပညာရှင်များနှင့် သုတေသီများ၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်
ပါမောက္ခ (ဌာနမှူး) နှင့် ဆရာ ဆရာမများ တက်ရောက်ကြပြီး တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ
စိုက်ပျိုးရေးပညာရှင်များနှင့် တောင်သူများက Zoom Point ၁၃၀ မှ ပါဝင်တက်ရောက်ကြသည်။
သတင်းစဉ်

No comments:
Post a Comment