Saturday, August 15, 2026

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး ဘယ်လာရုစ်သမ္မတနိုင်ငံ Belaya Rus ပါတီဥက္ကဋ္ဌအား လက်ခံတွေ့ဆုံ

 

နေပြည်တော် ဩဂုတ် ၁၄

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးသည် ဘယ်လာရုစ်သမ္မတနိုင်ငံ Belaya Rus ပါတီဥက္ကဋ္ဌ Ms. Olga Chemodanova ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ အမျိုးသားလွှတ်တော်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် နှစ်နိုင်ငံလွှတ်တော်များအကြား ဆက်ဆံရေးတိုးမြှင့်ဆောင်ရွက်ခြင်းဖြင့် နှစ်နိုင်ငံပြည်သူ့ကိုယ်စားလှယ်များ၏ ဆက်ဆံရေးတိုးမြှင့်ရေး၊ နှစ်နိုင်ငံအကြား ယုံကြည်နားလည်မှု၊ လေးစားမှုများဖြင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်နိုင်ရေး၊ လွှတ်တော်နှစ်ရပ်အကြား နိုင်ငံရေးဆိုင်ရာ ဆွေးနွေးမှုများ၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေးတို့နှင့်စပ်လျဉ်း၍ ရင်းနှီးစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့်အတူ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ Jeng Phang နော်တောင်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌ၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီဥက္ကဋ္ဌ၊ မြန်မာ-ဘယ်လာရုစ် လွှတ်တော်ချင်း ချစ်ကြည်ရင်းနှီးရေးအသင်းဥက္ကဋ္ဌနှင့် အတွင်းရေးမှူး၊ အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။                                       

သတင်းစဉ်

No comments:

Post a Comment