ရန်ကုန် ဇူလိုင် ၂၁
U-12 Junior Soccer World Challenge 2026 ပြိုင်ပွဲကို လာမည့်ဩဂုတ်လအတွင်း ကျင်းပသွားမည် ဖြစ်ပြီး ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ ယူ-၁၂ အသင်း ပဏာမကစားသမားစာရင်းကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ထားသည်။
ဂျပန်နိုင်ငံက
အိမ်ရှင်အဖြစ် နှစ်စဉ်ကျင်းပလျက်ရှိသည့် U-12 Junior Soccer World Challenge 2026 ပြိုင်ပွဲကို
မြန်မာဘောလုံးကစားသမားလူငယ်များ နိုင်ငံတကာပြိုင်ပွဲအတွေ့အကြုံရရှိစေရန် ၂၀၂၃ ခုနှစ်မှစတင်ကာ
နှစ်စဉ်သွားရောက်ယှဉ်ပြိုင်လျက်ရှိပြီး ယခုနှစ်ပြိုင်ပွဲသည် စတုတ္ထအကြိမ် မြောက် သွားရောက်ယှဉ်ပြိုင်ခြင်း
ဖြစ်ကြောင်း သိရသည်။
မြန်မာ ယူ-၁၂
ကစားသမား ရွေးချယ်ပွဲများကို ရန်ကုန်အမျိုးသားဘောလုံးအကယ်ဒမီနှင့် မန္တလေးမြန်မာဘောလုံးအကယ်ဒမီတွင်
ဇူလိုင် ၁၁၊ ၁၂ ရက်တို့တွင် ပြုလုပ်ခဲ့ပြီး ယနေ့တွင် ပဏာမကစားသမား ၂၃ ဦးစာရင်းကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
အဆိုပါပဏာမမြန်မာ ယူ-၁၂ အသင်းအနေဖြင့် ဇူလိုင် ၂၅ ရက်တွင် လေ့ကျင့်ခန်းအစီအစဉ်များ
စတင်မည်ဖြစ်ကြောင်း သိရသည်။
နေမျိုး

No comments:
Post a Comment