Tuesday, July 28, 2026

တောင်သာမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က ခရီးသွားပြည်သူနှစ်ဦးအား ဖမ်းဆီးခေါ်ဆောင်

နေပြည်တော် ဇူလိုင် ၂၇

မန္တလေးတိုင်းဒေသကြီး တောင်သာမြို့နယ် အမှတ် (၁) ရပ်ကွက်နေ ယာဉ်မောင်း ဦးဝေယံ (၄၀) နှစ် မောင်းနှင်ပြီး တစ်ရပ်ကွက်တည်းနေ ယာဉ်မောင်းအကူ ဦးဇော်ဦး (၃၉) နှစ်နှင့် ခရီးသည် ၂၃ ဦးတို့ လိုက်ပါလာသည့် “ငွေလမင်း” ခရီးသည် တင်မော်တော်ယာဉ်သည် မြင်းခြံမြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာလာစဉ် ဇူလိုင် ၂၆ ရက် နံနက် ၉ နာရီ ၁၅ မိနစ်ခန့်တွင် တောင်သာမြို့နယ် ရုံးစည်ကြီး ကျေးရွာအနီးအရောက် PDF အမည်ခံ အကြမ်းဖက်အဖွဲ့အင်အား ရှစ်ဦးခန့်က မော်တော်ယာဉ်အား တားဆီး၍ ယာဉ်ပေါ်ပါခရီးသည်များအနက် ကိုအေးမင်းစိုး (အသက် ၃၀) အား အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

အလားတူ မြင်းခြံမြို့နယ် အမှတ် (၃) ရပ်ကွက်နေ ယာဉ်မောင်း ဦးရွှေဖြိုးထွန်း (၃၉) နှစ်မောင်းနှင်ပြီး အမှတ် (၅) ရပ်ကွက်နေ ယာဉ်မောင်းအကူ ဦးထွန်းထွန်းဝင်း (၅၆) နှစ်နှင့် ခရီးသည် ၂၄ ဦး လိုက်ပါလာသည့် “မဟာ” ခရီးသည်တင်မော်တော်ယာဉ်သည် ရန်ကုန်မြို့မှ မြင်းခြံမြို့သို့ ထွက်ခွာလာစဉ် ညနေ ၄ နာရီခွဲခန့်တွင် တောင်သာမြို့နယ်ရှိ ဒေသအခေါ် ညောင်လေးပင်ကျေးရွာလမ်းခွဲအနီးအရောက် PDF အမည်ခံ အကြမ်းဖက်အဖွဲ့အင်အား ၁၂ ဦး ခန့်က မော်တော်ယာဉ်အား တားဆီး၍ ယာဉ်ပေါ်ပါခရီးသည်များအနက် ဒေါ်အိအိချော (အသက် ၅၀) အား အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

လူသားချင်းမစာနာဘဲ လူမဆန်သောရာဇဝတ်မှုများ ကျူးလွန်လုပ်ဆောင်လျက်ရှိသည့် အကြမ်းဖက်သမားများကို ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေးနှင့် ဖမ်းဆီးခံရသူများအား ပြန်လည်ကယ်တင်နိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ် 

No comments:

Post a Comment