Tuesday, July 28, 2026

ကျောင်းပြင်ပမူလတန်းပညာရေး-NFPE နှင့် ကျောင်းပြင်ပ အလယ်တန်းပညာရေး-NFME အတန်းနေရာချထားစစ်ဆေးမှု (Placement Test) အစီအစဉ်

၁။ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပသို့ ရောက်ရှိနေသည့် သက်လွန်ကျောင်းပြင်ပရောက် ကျောင်းသား ကျောင်းသူများကို ကျောင်းပြင်ပ မူလတန်းပညာရေး-NFPE တွင် အသက် ၁၀ နှစ်မှ ၁၆ နှစ်အတွင်းရှိသူများအားလည်းကောင်း၊ ကျောင်းပြင်ပ အလယ်တန်းပညာရေး-NFME တွင် အသက် ၁၃ နှစ်မှ အသက် ၂၁ နှစ်အတွင်းရှိသူများအားလည်းကောင်း အတန်းနေရာချထားစစ်ဆေးမှု (Placement Test) အား အထူးအစီအစဉ်တစ်ရပ်အနေဖြင့် သတ်မှတ်၍ မူဝါဒများနှင့်အညီ စိစစ်လက်ခံသင်ကြားပေးသွားမည်ဖြစ်ပါသည်။

၂။ အတန်းနေရာချထားစစ်ဆေးမှု (Placement Test) ဖြေဆိုမည့် ကျောင်းသား ကျောင်းသူများသည် ကျောင်းပြင်ပ မူလတန်းပညာရေး-NFPE တွင်ဖြစ်စေ ကျောင်းပြင်ပ မူလတန်းပညာရေးမှ ကျောင်းပြင်ပ အလယ်တန်းပညာရေး-NFME တွင် ဖြစ်စေ ဖြေဆိုရန်အတွက် ပညာရေးဆိုင်ရာ ထောက်ခံချက်များ သို့မဟုတ် အရေးပေါ်အခြေအနေကြေညာထားသည့် မြို့နယ်များမှ အမှန်တကယ်ပြောင်းရွှေ့နေထိုင်သူဖြစ်ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်မူရင်း၊ အသက်ထောက်ခံချက်နှင့်အတူ မြို့နယ်ပညာရေးမှူးရုံးများတွင် လျှောက်ထားစာရင်းပေးသွင်းရမည်ဖြစ်ပါသည်။

၃။ သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးများက သတ်မှတ်ပေးသောနေရာများတွင် အတန်းနေရာ ချထားစစ်ဆေးမှု (Placement Test) ကို ၉-၈-၂၀၂၆ ရက်နေ့ (တနင်္ဂနွေနေ့) ၌ ဖြေဆိုကြရပါမည်။ (အသေးစိတ်အချက်အလက်များကို သက်ဆိုင်ရာမြို့နယ်နှင့် ခရိုင်ပညာရေးမှူးရုံးများတွင် မေးမြန်းစုံစမ်းနိုင်ပါသည်။)

ပညာရေးဝန်ကြီးဌာန

No comments:

Post a Comment