မော်လမြိုင် ဇူလိုင် ၁၈
မဲပေးစက်များသည် အရေးကြီးသည့် ကြီးကြပ်ကန့်သတ်ပစ္စည်းများဖြစ်ပြီး ကြားဖြတ်ရွေးကောက်ပွဲများနှင့် လာမည့်အထွေထွေရွေးကောက်ပွဲများတွင် အောင်မြင်စွာ ဆက်လက်အသုံးပြုကြရမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသန်းစိုးက ယနေ့တွင် မွန်ပြည်နယ်အစိုးရအဖွဲ့ အောင်ဆန်းခန်းမ၌ မွန်ပြည်နယ် MEVM မဲပေးစက်ဆိုင်ရာ ကြီးကြပ်မှုကော်မတီဝင်များနှင့် တာဝန်ရှိသူများအား တွေ့ဆုံစဉ်မှာကြားသည်။
ထို့နောက်
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းက မွန်ပြည်နယ် မြန်မာအီလက်ထရောနစ်
မဲပေးစက် (MEVM) ဆိုင်ရာ ကြီးကြပ်မှုအဖွဲ့၏ ကြီးကြပ်မှုဖြင့် မဲပေးစက်များကို
လာမည့်ကြားဖြတ်ရွေးကောက်ပွဲနှင့် အထွေထွေရွေးကောက်ပွဲများတွင် အောင်မြင်စွာ
ဆက်လက်အသုံးပြုနိုင်ရေးနှင့် စပ်လျဉ်း၍ ရှင်းလင်းပြီး ကော်မရှင်အဖွဲ့ဝင် ဦးအောင်လွင်ဦးနှင့်
တာဝန်ရှိသူများက မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) များနှင့်
ပတ်သက်၍လည်းကောင်း၊ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) များ
ထိန်းသိမ်းထားရှိမှုနှင့် စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းဆွေးနွေးကာ
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက လိုအပ်သည်များ မှာကြားသည်။
တွေ့ဆုံပွဲသို့
ကော်မရှင်အဖွဲ့ဝင် ဦးကိုကိုလွင်နှင့် ဦးကြည်သိန်းတို့လည်း တက်ရောက်ကြသည်။
ယမန်နေ့ကလည်း
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌသည် မော်လမြိုင်မြို့ မော်လမြိုင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး
ရွှေမြိုင်ခန်းမ၌ ဖွင့်လှစ်သည့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ပြုပြင်ထိန်းသိမ်းခြင်း
ဆင့်ပွားသင်တန်းဆင်းပွဲသို့ တက်ရောက်အမှာစကားပြောကြားပြီး ဆုရရှိသူများအား
ဂုဏ်ပြုဆုများနှင့် သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့သည်။
ယင်းနောက်
ကရင်ပြည်နယ် MEVM မဲပေးစက်ဆိုင်ရာ ကြီးကြပ်မှုကော်မတီဝင်များနှင့် တာဝန်ရှိသူများနှင့်လည်း
သွားရောက်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment