Saturday, July 11, 2026

ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC)၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ

 

နေပြည်တော် ဇူလိုင် ၁၀

ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးသည် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Arnaud De Baecque၊ ဥပဒေရေးရာညှိနှိုင်းရေးမှူး Ms. Samindika Dilani Elkaduwe တို့အား ယနေ့နံနက် ၁၀ နာရီတွင် ဥပဒေရေးရာဝန်ကြီးဌာန သံတမန်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံအတွင်း ICRC က အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ဥပဒေ (International Humanitarian Law-IHL) အသိပညာပေးခြင်းဆိုင်ရာ ကိစ္စရပ်များ၊ ဂျီနီဗာကွန်ဗင်းရှင်းအပေါ် မြန်မာဘာသာ ပြန်ဆိုချက် ထုတ်ဝေနိုင်ရေးအတွက် ဆောင်ရွက်နေမှုများနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ IHL အလုပ်ရုံဆွေးနွေးပွဲများနှင့် သင်တန်းများ ကျင်းပနိုင် ရေးကိစ္စများကို ဆွေးနွေးကြသည်။

ဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်နှင့်အတူ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

သတင်းစဉ်

No comments:

Post a Comment