နေပြည်တော် ဇူလိုင် ၂၄
Hyundai ASEAN Championship 2026 အမျိုးသားဘောလုံးပြိုင်ပွဲကို ၂၀၂၆ ခုနှစ် ဇူလိုင်လ ၂၄ ရက်မှ ဩဂုတ်လ ၂၆ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ရာ မြန်မာ့လက်ရွေးစင်အမျိုးသားဘောလုံးအသင်းပါဝင်သည့် အုပ်စု(B)ပွဲစဉ်များအနက် မြန်မာ့လက်ရွေးစင်အမျိုးသားဘောလုံးအသင်းနှင့် မလေးရှားအမျိုးသားဘောလုံးအသင်းတို့၏ အုပ်စုအဆင့်ပွဲစဉ်ကို ဇူလိုင် ၂၅ ရက် ညနေ ၄ နာရီခွဲတွင် ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်း၌ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။
အဆိုပါပွဲစဉ်ကို ယင်းနေ့ ညနေ ၄ နာရီ ၁၅ မိနစ်မှစတင်၍ MRTV HD Channel နှင့် MRTV Sports Channel တို့မှ တိုက်ရိုက် (Live) ထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment