နေပြည်တော် ဇူလိုင် ၉
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသံရုံးမှ သံအမတ်ကြီး H.E. Dr. Md. Monwar Hossain အား ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးရုံး ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာ - ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား ပြည်ဝင်ဗီဇာကိစ္စရပ်များ ဆောင်ရွက်မှုနှင့် နှစ်နိုင်ငံနယ်စပ်ဂိတ်များအခြေအနေ၊ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးအတွက် နှစ်နိုင်ငံအစိုးရအချင်းချင်း ဆောင်ရွက်နေမှုနှင့် ယင်းလုပ်ငန်းစဉ်နှင့်ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှပေးပို့လာသည့် စာရင်းများအပေါ် ဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံတွင် နေထိုင်ခဲ့မှုအခြေအနေအား စိစစ်ပြန်ကြားခဲ့မှု၊ ယင်းသို့ဆောင်ရွက်ရာတွင် ပေးပို့သည့်စာရင်းများအား စိစစ်ပြန်ကြားရန် ကြုံတွေ့ရသည့် အခက်အခဲများနှင့် အထောက်အထားအချက်အလက်များ ပြည့်စုံစွာပြုစုပေးပို့ရန်လိုအပ်မှု၊ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းစဉ်များနှင့် နေရပ်စွန့်ခွာသူများပြန်လည်လက်ခံရေးလုပ်ငန်းစဉ်များ အဆင်ပြေစေရေးအတွက် လက်တွဲပူးပေါင်းဆောင်ရွက်နိုင်ရေး အခြေအနေများနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment