Saturday, July 18, 2026

နေပြည်တော်မြို့တွင်း EV ဘတ်စ်ကားများ တိုးချဲ့ပြေးဆွဲရန် ဆောင်ရွက်လျက်ရှိ



နေပြည်တော် ဇူလိုင် ၁၇

နေပြည်တော်မြို့တွင်း ခရီးသွားပြည်သူများနှင့် ဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများ သွားလာရေးအဆင် ပြေစေရန်အတွက် ရာဇာမင်းအဆင့်မြင့် ခရီးသည်ပို့ဆောင်ရေးယာဉ်လိုင်းမှ EV ဘတ်စ်ကားကို ပြေးဆွဲပေးလျက်ရှိပြီး တပ်ကုန်း၊ လယ်ဝေး၊ ရွာတော်နှင့် နေပြည်တော်မြို့တွင်းရှိ လိုအပ်သောနေရာများတွင်လည်း တိုးချဲ့ပြေးဆွဲပေးရန် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း နေပြည်တော်ဂိတ်တာဝန်ခံ ဦးအောင်သူမိုးထံမှ သိရသည်။

မြို့တွင်း EV ဘတ်စ်ကားပြေးဆွဲမှုအနေဖြင့် နေပြည်တော် မြို့မဈေးမှ စတင်ထွက်ခွာ၍ ခုတင် (၁၀၀၀) ဆေးရုံရှေ့၊ ကံ့ကော်အိမ်ရာ၊ သပြေကုန်းဈေး၊ စည်ပင်ဧည့်ရိပ်သာ၊ ဇမ္ဗူသီရိဆေးရုံရှေ့၊ ပြန်ကပြေးအဝိုင်း၊ ဆင်ရုပ်နှင့် နှင်းဆီအဝိုင်းမှတစ်ဆင့် ဘောဂသီရိဂိတ်အထိ ပြေးဆွဲပေးလျက်ရှိပြီး ယာဉ်စီးခနှုန်းထားကို ဂိတ်စဂိတ်ဆုံး မည်သည့်နေရာအထိ စီးနင်းသည်ဖြစ်စေ တစ်ဦးလျှင် ၁၀၀၀ ကျပ်ဖြင့် ပြေးဆွဲပေးခြင်းဖြစ်သည်။

လက်ရှိမြို့တွင်းပြေးဆွဲလျက်ရှိသည့် EV ဘတ်စ်ကားတွင် ထိုင်ခုံ ၃၆ ခုံပါရှိကာ မတ်တပ်ရပ်စီးနင်းသူများအတွက် လက်စွဲကိုင်း ၂၀ တပ်ဆင်ထားပြီး ခရီးသည် ၅၆ ဦးအထိ ဘေးကင်းလုံခြုံစွာ တင်ဆောင်ပြေးဆွဲပေးလျက်ရှိသည်။ ယာဉ်စီးခပေးချေရာတွင် သတ်မှတ်ထားသည့် ပုံးအတွင်း ကိုယ်တိုင်ထည့်သွင်းပေးရပြီး မိမိဆင်းလိုသည့်နေရာရောက်မှသာ ယာဉ်မောင်းသူသိနိုင်ရန် Stop Alarm (ဘဲလ်ခလုတ်)ကို နှိပ်ပေးရမည်ဖြစ်သည်။

TMK

No comments:

Post a Comment