နေပြည်တော် ဇူလိုင် ၃
လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၌ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံသို့ ယနေ့မွန်းလွဲပိုင်းတွင် လာအို-မြန်မာ ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ မစ္စတာဆေနမတ်မွန်ထရီ ချန်ထာဝုန်က လာရောက်ဂါရဝပြုတွေ့ဆုံသည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ခရီးစဉ်တွင်လိုက်ပါသွားသည့် ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ လာအိုနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး၊ မြန်မာ-လာအို ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ကောင်းမွန်လျက်ရှိမှုအခြေအနေများ၊ မဟာဗျူဟာမြောက်မိတ်ဖက်ဆံရေးကို မြှင့်တင်ဆောင်ရွက်သွားမည့် အခြေအနေများ၊ နှစ်နိုင်ငံဆက်ဆံရေးအတွက် ချစ်ကြည်ရေးအသင်းများ၏ အခန်းကဏ္ဍသည် အဓိကကျပြီး ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ အရှိန်အဟုန်မြှင့်တင်နိုင်ရန်အတွက် နိုင်ငံတော်အစိုးရနှစ်ရပ်မှ ဆောင်ရွက်လျက်ရှိသကဲ့သို့ လာအို-မြန်မာ ချစ်ကြည်ရေးအသင်းနှင့် မြန်မာ-လာအို ချစ်ကြည်ရေးအသင်းတို့အနေဖြင့်လည်း တစ်ဖက်တစ်လမ်းမှ ကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်မှုအခြေအနေများ၊ မြန်မာ-လာအို ချစ်ကြည်ရေးတံတားမှတစ်ဆင့် အပြန်အလှန် ကုန်စည်ကူးသန်းရောင်းဝယ်မှုများဆောင်ရွက်ပြီး နယ်စပ်ဒေသနေ ပြည်သူများအချင်းချင်း ချစ်ကြည်ရင်းနှီးမှုများကို တိုးမြှင့်ဆောင်ရွက်နိုင်ရန် ချစ်ကြည်ရေးအသင်းများမှ ဆောင်ရွက်နိုင်မှုအခြေအနေများ၊ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုလုပ်ငန်းစဉ်များတွင် လူငယ်များ ပါဝင်နိုင်မှုအခန်းကဏ္ဍကို မြှင့်တင်ဆောင်ရွက်သွားရန် လိုအပ်မှုအခြေအနေများ၊ ဘာသာရေး၊ စီးပွားရေး၊ ကျန်မာရေး၊ ပညာရေး၊ လူမှုရေး စသည့်အခန်းကဏ္ဍများကိုအခြေခံ၍ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ဆောင်ရွက်နိုင်သည့် အခြေအနေများနှင့် ပတ်သက်၍ ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်သမ္မတနှင့် လာအို-မြန်မာ ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌတို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ပြီး တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်


No comments:
Post a Comment