နေပြည်တော် ဇူလိုင် ၂
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ သုတေသနနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ အစည်းအဝေး (၁/၂၀၂၆) ကို ယနေ့နံနက်ပိုင်းတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပသည်။
ဦးစွာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာနေခြည်လဲ့လဲ့သိန်းက တွေ့ကြုံနေရသည့်
အခက်အခဲများကို သုံးသပ်ပြီး နိုင်ငံတော်နှင့် ဝန်ကြီးဌာန ရည်မှန်းချက်များနှင့် ကိုက်ညီသော
သုတေသနမူဝါဒများ ချမှတ်ခြင်း၊ စီမံကိန်းများ ရေးဆွဲတင်ပြခြင်းနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခြင်းတို့ဖြင့်
နိုင်ငံအကျိုးပြု သုတေသနလုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ကြရမည်ဖြစ်ပါကြောင်း
ပြောကြားသည်။
ထို့နောက် အမြဲတမ်းအတွင်းဝန်က
သုတေသန၏ တိုးတက်မှုသတ်မှတ်ခြင်း၊ သုတေသနရန်ပုံငွေခွဲဝေမှုကို ထိရောက်စေခြင်းနှင့် သုတေသနစီမံခန့်ခွဲမှု
ပိုမိုကောင်းမွန်လာစေရေး Technology Readiness Level (TRL) ဆိုင်ရာ အခြေခံမူများကို
ရှင်းလင်းတင်ပြပြီး ဦးစီးဌာနအသီးသီးက လက်ရှိသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးဆိုင်ရာ
အကောင်အထည်ဖော်ဆောင်ရွက်မှုများ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများ၊ သုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးအတွက်
လိုအပ်ချက်များ၊ ဆောင်ရွက်သင့်သော လုပ်ငန်းများကို တင်ပြဆွေးနွေးကြသည်။
ယင်းနောက် ဒုတိယဝန်ကြီးက
တင်ပြချက်များအပေါ် ကဏ္ဍအလိုက် သုံးသပ်ဆွေးနွေးခြင်းနှင့် လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များကို
ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment