Tuesday, July 7, 2026

မြန်မာနိုင်ငံတော်ဗဟိုဘဏ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ



နေပြည်တော် ဇူလိုင် ၆

မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ၂၀၂၆ ခုနှစ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၈ နာရီတွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ် (နေပြည်တော်) ၌ ကျင်းပရာ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦး၊ ဒုတိယဥက္ကဋ္ဌများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

သစ်ပင်စိုက်ပျိုးပွဲတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌက အမှာစကားပြောကြားပြီး ဒုတိယ ဥက္ကဋ္ဌများနှင့်အတူ သတ်မှတ်နေရာများ၌ ကံ့ကော်ပျိုးပင်ကို ဦးဆောင်စိုက်ပျိုးပေးကာ တက်ရောက်လာသူများက ပျိုးပင်များကို အမျိုးသားရေးလှုပ်ရှားမှုအသွင်ဖြင့် တပျော်တပါး စုပေါင်း စိုက်ပျိုးမှုကို ကြည့်ရှုအားပေးသည်။

ယနေ့ကျင်းပသည့် မိုးရာသီ စုပေါင်း သစ်ပင်စိုက်ပျိုးပွဲတွင် ကံ့ကော်၊ မဟော်ဂနီ၊ ပိတောက်၊ မဲဇလီ၊ ရေတမာ၊ ပျဉ်းမ၊ စွယ်တော်စသည့် ပျိုးပင် ၁၅၀၀ ကို စိုက်ပျိုးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment