နေပြည်တော် ဇူလိုင် ၂၀
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်တို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာ ပေးရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ တာဝန်ရှိသူများက အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းစဉ်များ၊ အဂတိလိုက်စား မှုတိုက်ဖျက်ရေး ဥပဒေဆိုင်ရာ သိကောင်းစရာများကို ရှင်းလင်းဆွေးနွေးကြပြီး ဝန်ထမ်းများ၏ မေးမြန်းချက်များအပေါ် ပြန်လည်ရှင်းလင်းပြောကြားသည်။
အမှာစကားပြောကြား
အခမ်းအနားတွင်
ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ
ဦးစိုးသိန်းတို့က အမှာစကားပြောကြားသည်။ အခမ်းအနားအပြီးတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင်
ဦးတိုးရီက ဌာန၏ အဂတိလိုက်စားမှုတားဆီး ကာကွယ်ရေးအဖွဲ့ (Corruption Prevention
Unit-CPU) အဖွဲ့ဝင်များအား အဆိုပါ ခန်းမ၌ပင်တွေ့ဆုံကာ CPU အဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်ရာတွင်
ကြုံတွေ့ရသည့် အတွေ့ အကြုံများ၊ အားသာချက်၊ အားနည်းချက်များအပေါ် သုံးသပ်တင်ပြချက်များနှင့်စပ်လျဉ်း၍
ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment